Latest News

Thursday, March 23, 2017

သင်္ကြန်ကာလ အဝေးပြေး ယာဉ်အစီးရေ တိုးချဲ့ပြီး ပုံမှန် ဈေးဖြင့် ပြေးဆွဲမည်ဟု တိုင်း ၀န်ကြီးချုပ် ပြော

သင်္ကြန်ကာလ အဝေးပြေး ယာဉ်အစီးရေ တိုးချဲ့ပြီး ပုံမှန် ဈေးဖြင့် ပြေးဆွဲမည်ဟု တိုင်း ၀န်ကြီးချုပ် ပြော


ရန်ကုန်၊ မတ် ၂၄ ။            ။ မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက် သင်္ကြန်ကာလ အတွင်း အဝေးပြေး ယာဉ်များကို မူလ ဈေးနူန်းဖြင့် ကားအစီးရေ တိုးချဲ့ ပြေးဆွဲ ပေးသွားမည် ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောဆိုလိုက်သည်။

“ ခရီးသွားသူက များပြီးတော့ ကားတွေက နည်းတဲ့ အတွက် အခက်ခဲ တော်တော်များများ ကြုံရတာ ရှိပါတယ်။ ဒါကြောင့်မို့ ခရီးသွား ယာဉ်လိုင်းတွေ အတွင်းမှာ သတ်မှတ် ထားတဲ့ ယာဉ်လိုင်းထက် တိုးပြီး   ပြေးဆွဲပေးနိုင်ဖို့ အတွက် စီမံ ဆောင်ရွက်နေပါတယ်။ ဈေးနူးန် တိုးပြီး တောင်းခံမှုတွေ ကိုတော့ ထိထိ ရောက်ရောက် ဥပဒေနဲ့အညီ ဂိတ်တွေကို အရေးယူသွားမှာ ဖြစ်တယ် ဆိုတာ အသိပေးလိုပါတယ်။ စီးလိုတဲ့သူက များပြီး ကားနည်းတဲ့ အခါမှာ ဈေးနူန်းတွေကို ၂ ဆတိုးကာ တောင်းခံတာတွေ ရှိလာပါတယ်။ ဒါကြောင့်မို့ ဒီလို အခြေနေမျိုး မဟုတ်ဘဲ တကယ်ကို ခရီးသွားသူတွေ အဆင်ပြေနိုင်ဖို့ အတွက် ကားအစီးရေတွေကို တိုးမြှင့် ပေးနိုင်ဖို့ အတွက်လည်း ဆောင်ရွက်နေပါတယ်” ဟု ၀န်ကြီးချုပ် က ပြောဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် သင်္ကြန်မဏ္ဍပ်၊ ရန်ကုန်မြို့တွင်း ကိစ္စများနှင့် ပတ်သက်ပြီး မတ် ၂၄ ရက် သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သင်္ကြန် ရုံးပိတ်ရက်တွင် အဝေးပြေး ယာဉ်စီးခများ ပုံမှန်အတိုင်း ဖြစ်စေရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် ယာဉ်လိုင်းပိုင်ရှင်များ မတ်လ ၂၀ ရက် အစိုးရရုံးတွင် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် အဝေးပြေး ယာဉ်လိုင်းပိုင်ရှင် အချို့က သင်္ကြန်ကာလ အတွင်း အပြန်ခရီးသည် မရှိခြင်းနှင့် အထွေထွေ ကုန်ကျစရိတ် များခြင်းကြောင့်ဟု တင်ပြကာ ပုံမှန်ဈေးဖြင့် ပြေးဆွဲရန် အဆင်မပြေဟု တင်ပြခဲ့ကြကြောင်း သိရသည်။

ယနေ့ မတ် ၂၄ သတင်းစာ ရှင်းလင်းပွဲတွင် အဝေးပြေး ကားခများ ဈေးပိုတောင်းပါက ရန်ကုန်တိုင်း အစိုးရ အဖွဲ့က ထိရောက်သည့် ပြစ်ဒဏ်ချမှတ် သွားမည်ဟု ၀န်ကြီးချုပ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာ သင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် နေရပ်ပြန်သည့် သူများသည့် အပေါ်  အခွင့်ရေးယူ ဈေးနူန်းတင် ရောင်းချမှုများ နှစ်စဉ် ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင် မဖြစ်စေရန် အစိုးရမှ ညှိနှိုင်းနေခြင်း ဖြစ်သည်။

၂၀၁၅ သင်္ကြန်ပိတ်ရက်တွင် နယ်ဝေး ခရီးစဉ်များ အတွက် အဝေးပြေး ကားလက်မှတ်ခ နှုန်းထားများကို တစ်လခန့် အလိုမှ စ၍ ကြိုတင် ဈေးတင် ရောင်းချခဲ့ပြီး ၂၀၁၆ သင်္ကြန် ပိတ်ရက်တွင်မူ အဝေးပြေး လိုင်းကားခများ နှစ်ဆခန့် မြင့်တတ် သွားခဲ့ဖူးသည်။ ( Mizzima )

No comments:

Post a Comment