Latest News

Thursday, March 23, 2017

ပြည်သူများ အခက်အခဲဖြစ်နေသည့် ဥပဒေအချို့ကို ပြောင်းလဲပေးနိုင်ခဲ့ကြောင်း ဒီချုပ်နာယက ဦးတင်ဦးပြောကြား

ပြည်သူများ အခက်အခဲဖြစ်နေသည့် ဥပဒေအချို့ကို ပြောင်းလဲပေးနိုင်ခဲ့ကြောင်း ဒီချုပ်နာယက ဦးတင်ဦးပြောကြား


တစ်ပါတီ၊ တစ်စု အာဏာရှင်ဆန်ဆန် အုပ်ချုပ်သည့်စနစ် အပါအဝင် ပြည်သူများအတွက် အခက်အခဲဖြစ်နေသည့် ဥပဒေ အချို့ကို ဒီချုပ်ပါတီအစိုးရသက် တမ်းအတွင်း ပြောင်းလဲပေးနိုင်ခဲ့ ပြီဖြစ်ကြောင်း ဒီချုပ်ပါတီ နာယက ဦးတင်ဦးက ပုသိမ်မြို့တွင် ပြောကြားခဲ့သည်။

‘‘ပြောင်းလဲနေပါတယ်။ တစ်ပါတီ၊ တစ်စု အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့စနစ်ကို ဒီမိုကရေစီနည်းအားဖြင့် ပြောင်းလဲနိုင်အောင် လုပ်ခဲ့တယ်။ ဒီအချက် ပြောင်းလဲသွားတယ်။ လူတစ်ယောက်ရဲ့ လွတ်လပ်မှုနဲ့ပတ်သက်လို့ လုံခြုံမှုကို ချုပ်ချယ်ထားတယ်ဆိုတဲ့ အရင့်အရင်တုန်းက ၁၉၅၀ အရေးပေါ်စီမံချက်ဥပဒေကို ဖျက်သိမ်းပစ်ခဲ့နိုင်တယ်။ အများပြောနေတဲ့ ၁၀ (က)၊ ၁၀(ခ) ခေါ်တဲ့ နိုင်ငံတော်နှောင့်ယှက်သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်နိုင်သော ဥပဒေကိုလည်း ဖျက်သိမ်းပစ်ခဲ့နိုင်တယ်။ အိမ်တွေမှာ ညကောင်းကောင်းကြီးမအိပ်ရအောင် ဧည့်တိုင်ရတယ်ဆိုတာတွေလည်း ဖျက်သိမ်းပစ်လိုက်နိုင်တယ်။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ မေးမြန်းစစ်ဆေးတာတွေ အတားအဆီး ပိတ်ပင်တဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ ဥပဒေ ပြဋ္ဌာန်းပြီး ပိတ်ပစ်နိုင်ခဲ့တယ်’’ဟု ဦးတင်ဦးက ပြောသည်။

မတ်လ ၂၃ ရက်က ပုသိမ် မြို့ ကမ်းနားလမ်းရှိ ဧရာဝတီတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးသစ်ဖွင့်ပွဲတွင် ဦးတင်ဦးက ယင်းကဲ့သို့ ပြောကြားခဲ့သည်။ ထို့အပြင် ပြည်သူလူထု၏ ဆန္ဒ ကို ဂရုပြု၍ ပြဋ္ဌာန်းသင့်သော ဥပဒေများကိုလည်း ဆက်လက် ပြဋ္ဌာန်းမည်ဟု ၎င်းက ဆိုသည်။

  ‘‘တကယ်တမ်းကျတော့ ကျွန်တော်တို့ဆီ  ကျန်ရစ်ခဲ့တဲ့ အရာအားလုံးဟာ အရှုပ်အထွေး ပုံကြီးကို ထားရစ်ခဲ့တာသာ ဖြစ် ပါတယ်။ ဒီအရှုပ်အထွေးပုံကြီးကို ကျွန်တော်တို့က ခုမှစပြီး ရှင်းရ တာ တစ်ခေတ်နဲ့ မပြီးပါဘူး။ နောက်ဆက်တိုက် ဆက်တိုက် ဆက်လက်ဆောင်ရွက်ရမှာပါ’’ ဟု ၎င်းက ပြောသည်။ ( 7Day )

No comments:

Post a Comment