Latest News

Thursday, March 23, 2017

မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ပုံစံအသစ်နဲ့ မီးပူဇော်မည်

မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ပုံစံအသစ်နဲ့ မီးပူဇော်မည်

မန္တလေး၊ မတ် ၂၃

မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ် (ဘုရားကြီး)ကို ဖန်သားမျှင် အလင်းကြိုး (Fiber Optic) တွေ အသုံးပြုကာ မီးပူဇော်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မဟာမုနိ ရုပ်ရှင်တော်မြတ်ကို သာမန် မီးထွန်းကာ ပူဇော်ထားတာ ဖြစ်ပါတယ်။

ဖန်သားမျှင် အလင်းကြိုးဟာ လျှပ်စစ် ဝါယာကြိုး မဟုတ်တာကြောင့် မီးဘေး အန္တရာယ် မစိုးရိမ်ရတာ၊ ရိုးရိုး မီးတွေလို အပူ မထွက်တာကြောင့် ရှေးဟောင်း အမွေအနှစ် တန်ဖိုးတွေ မယုတ်လျော့တာ၊ လိုအပ်တဲ့ နေရာကို လင်းပြီး မလိုအပ်တဲ့ နေရာကို အလင်းလျှော့ ထွန်းတာကြောင့် ပိုမို ကြည်ညိုစရာ ကောင်းအောင် ဖူးမြော်နိုင်တာ၊ မီးကို ဘုရားဆောင်ရဲ့ ပြင်ပကနေ ထွန်းပေးတာကြောင့် ဂန္ဓကုဋီတိုက် အတွင်း ပြုပြင်ဖို့ မလိုအပ်တာ၊ မီးပေးတဲ့ MH Generator က အနည်းဆုံး နာရီပေါင်း ၆,၀၀၀ ကျော်နဲ့ LED Generator က နာရီပေါင်း ၅၀,၀၀၀ ကျော် တဆက်တည်း ပူဇော်နိုင်တာ ဖြစ်ပါတယ်။

မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်း က “မီးပူဇော်ရတဲ့ ရည်ရွယ်ချက်က decorative ဖြစ်စေချင်တာ၊ lighting က ခေတ်မီပြီး ကြာရှည်ခံတာ ဖြစ်စေချင်တာ” လို့ ပြောပါတယ်။

ဖန်သားမျှင် အလင်းကြိုးကို အသုံးပြုကာ မီးပူဇော်တာဟာ ကျပ်သိန်းပေါင်း ၂၇၀၀ ခန့် ကုန်ကျတာ ဖြစ်ပါတယ်။

“မတ်လကုန် ပစ္စည်းက စရမယ်။ ဧပြီလမှာ ဆင်မယ်။ တပ်ဆင်တာကတော့ တစ်လလောက် ကြာမယ်” လို့ ဥက္ကဌ ဦးစိုးလင်း က ပြောပါတယ်။

နန်းစု ( Kumudra )

No comments:

Post a Comment