ပွင့်ဖြူ၊ ကုလားကုန်း ကျေးရွာတွင် ဒေသခံများ ကန့်ကွက်သည့် ကြားမှ စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် စီစဉ်နေမှု တိုင်း ၀န်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်းြေေဖြေရှင်
း
မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သရက်အုပ်အုပ်စု၊ ကုလားကုန်းကျေးရွာ အတွင်း စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် လုပ်ဆောင်နေခြင်း အပေါ် ရွာသူ ရွာသားများ၏ ကန့်ကွက်မှုကို တိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကိုယ်တိုင် သွားရောက် ဖြေရှင်း ပေးခဲ့ကြောင်း သတင်း ရရှိသည်။
ကုလားကုန်းကျေးရွာ သူရွာသားများက ကျေးရွာအတွင်း စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်မည် ဆိုပါက မီးဘေး အန္တရာယ် ကြီးမားပြီး ရွာသူ ရွာသားများ၏ အသက် အိုးအိမ်များ ပျက်စီး ဆုံးရှုံးမည် ဖြစ်ခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေက ပြောသည်။
''အစ်ကိုအပါအ၀င် ရွာသူရွာသား ၂၃၈ ဦးက ကန့်ကွက်ရတဲ့ အကြောင်းတရားက ပန့်ဆီဆိုင်က ရွာထဲမှာကို ဖြစ်နေလို့ ရွာရဲ့မီးဘေးကို စိုးရိမ်လွန်းလို့ အစ်ကိုတို့က ကန့်ကွက်ရခြင်း ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
အဆိုပါ ကန့်ကွက်မှုကို ဒေါက်တာ အောင်မိုးညို ကိုယ်တိုင် မတ် ၂၃ ရက်တွင် ကွင်းဆင်း ဖြေရှင်းပေးရာ ရွာသူ ရွာသားများ က တညီတညွတ်တည်း ကန့်ကွက်သော ကြောင့် ဆီဆိုင် ဆောက်လုပ်မှုကို ရပ်နားထားရန် ၀န်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများအား တိုက်ရိုက် ညွှန်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် ပြင်ဆင်နေမှုကို ကုလားကုန်း ကျေးရွာသူ ရွာသားများက မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ထံ တရားဝင် တိုင်ကြားစာ သုံးကြိမ် ပေးပို့ခဲ့ကြောင်း၊ ကျေးရွာသူ ကျေးရွာသားများ၏ ဆန္ဒ သဘောထားကို ခံယူကာ မတ်လ ၂၃ ရက်တွင် ကုလားကုန်းကျေးရွာ အမကကျောင်း၌ ၀န်ကြီးချုပ်က မဲခွဲ ဆုံးဖြတ်စေခဲ့ကြောင်း သိရသည်။
စောကျော်ဝင်း ( News Watch )
Friday, March 24, 2017
ပွင့်ဖြူ၊ ကုလားကုန်း ကျေးရွာတွင် ဒေသခံများ ကန့်ကွက်သည့် ကြားမှ စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် စီစဉ်နေမှု တိုင်း ၀န်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်း ဖြေရှင်း
ပွင့်ဖြူ၊ ကုလားကုန်း ကျေးရွာတွင် ဒေသခံများ ကန့်ကွက်သည့် ကြားမှ စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် စီစဉ်နေမှု တိုင်း ၀န်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်း ဖြေရှင်း
Reviewed by Ar Ti
on
12:30 AM
Rating: 5
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf9Rvfp_uvvV2g9HhCJ0BhOC5Ez4U_kQkihvN9QuI2QCWtKbF53D2jlN_zIdRM9uf3yp4WKjt1bnU1yDrRXiQP3Hi_Mb9GxqXBbFGfLfedFmlf_UICfpkgMz8FQT9s7FnMRTp_qs2NelA/s72-c/FB_IMG_1490340568964.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment