Latest News

Thursday, March 30, 2017

မူဆယ်လမ်းတွင် ကျောက်စိမ်း ၇ တုံးနှင့် လက်ကောက်လုပ်သည့် ကျောက်စိမ်းများဖမ်းဆီးရမိ

မူဆယ်လမ်းတွင် ကျောက်စိမ်း ၇ တုံးနှင့် လက်ကောက်လုပ်သည့် ကျောက်စိမ်းများဖမ်းဆီးရမိ

မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းအနီးတွင် ကားနှစ်စီးဖြင့် တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်း ၇ တုံးနှင့် လက်ကောက်ပစ္စည်းပြုလုပ်သည့် ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

ယနေ့ မတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ မန္တလေးဘက်မှလာသော မတ်တူးရွှေငါးကားပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်း ၇ တုံးနှင့် အခြားကားတစ်စီးပေါ်တွင် လက်ကောက်များ ပြုလုပ်သည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

“အခုကတော့ ချိန်တာတွေ၊ တွယ်တာတွေ မလုပ်ရသေးပါဘူး။ တန်ဖိုးမသတ် မှတ်ရသေးပါဘူး။ အရွယ်အစားတွေကတော့ မျိုးစုံပဲ။ ၇ တုံးထဲမှာ အကြီးကြီး လည်းပါတယ်။ အလတ်တွေ၊ အသေးတွေလည်းပါတယ်။ နောက်တစ်စီးက တော့ လက်ကောက်ဖောက်တဲ့ ဟာလေးတွေနဲ့ ကျောက်စိမ်းရိုင်းတုံးသေး သေးလေးတွေပါ”ဟု ဦးတက်ထွန်းအောင်က ဖမ်းဆီးရမိသည့် ကျောက်စိမ်း များ အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြသည်။

လက်ရှိတွင် အဆိုပါကျောက်စိမ်းများကို ကာလတန်ဖိုးသတ်မှတ်ရန်အတွက် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး ကားသမားများကို သိန္နီရဲစခန်းတွင် အမှုဖွင့်ရန် ဆောင်ရွက်နေသည်။

အဆိုပါ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူမြဲတမ်းစစ်ဆေး ရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်း သွားလာနေပြီး တရားမဝင် ကုန်စည်တားဆီးထိန်းချုပ်ရေးလုပ်ငန်း အနေဖြင့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်မှ စတင်ကာ မတ်လ ၂၉ရက်ထိ တရားမဝင် ကုန်တင်ကားများ၊ ကျောက်စိမ်းရိုင်းများစသဖြင့် ဖမ်းဆီးရမိသည့် ပစ္စည်း များမှာ ခန့်မှန်းငွေတန်ဖိုး ကျပ်သိန်းပေါင်း သုံးသောင်း (၃ဝ,ဝဝဝ) ခန့်ထိ ရှိပြီဖြစ်ကြောင်း သိရသည်။
Mizzima

No comments:

Post a Comment