Latest News

Thursday, March 30, 2017

ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲမည့် အမြန်ရေယာဉ် လွှဲပြောင်းပေးအပ်

ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲမည့် အမြန်ရေယာဉ် လွှဲပြောင်းပေးအပ်

ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ကြာ ရပ်နားထားသည့် ကမ်းရိုးတန်းသွား ခရီးသည်တင် သင်္ဘောများနေရာတွင် အစားထိုး ပြေးဆွဲရန် ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် အမြန်ရေယာဉ် သုံးစီးအနက် ကစ္ဆပနဒီ (၁) အမြန်ရေယာဉ်ကို ယနေ့ (မတ်လ ၂၉ ရက်)က စစ်တွေမြို့တွင် လွှဲပြောင်း ပေးအပ်ခဲ့သည်။

ရခိုင်ကမ်းရိုးတမ်းတွင် အသုံးပြုရန် လက်ရှိ ဂျပန်နိုင်ငံတွင် အသုံးပြုနေသည့် အမြန်ရေယာဉ်များကို အကြီးစား ပြုပြင်မှုများ ပြုလုပ်ပြီး ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi က ယနေ့ (မတ်လ ၂၉ ရက်) ပြုလုပ်သည့် လွှဲပြောင်းပေးအပ်ပွဲတွင် ပြောကြား သည်။

ဂျပန်နိုင်ငံမှ ထပ်မံ ရောက်ရှိလာမည့် နှစ်စီးအနက် တစ်စီးမှာ မေလကုန်တွင် ထပ်မံ ရောက်ရှိလာမည်ဖြစ်ပြီး အသစ် တည်ဆောက်နေသည့် အမြန်ရေယာဉ်တစ်စီးမှာ လာမည့်နှစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီးက ထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်က အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်ခဲ့ပြီး နောက်ပိုင်းတွင် ရပ်နားထားခဲ့သည့် မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင် ခရီးစဉ်များကို ယခု ပေးအပ်လှူဒါန်းသည့် အမြန်ရေယာဉ်များဖြင့် ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ဦးစီးဌာနထံမှ သိရှိသည်။
The Voice

No comments:

Post a Comment