Latest News

Monday, March 13, 2017

မော်တော်ယာဉ်ပြင်ဆင်စရိတ်ကျပ်သန်းတစ်သောင်းကျော် အစိုးရ တောင်းခံမှုကို ပြန်သုံးသပ်ရန် လွှတ်တော်ကိုယ်စားလှယ်တင်ပြ

မော်တော်ယာဉ်ပြင်ဆင်စရိတ်ကျပ်သန်းတစ်သောင်းကျော်
အစိုးရ

တောင်းခံမှုကို ပြန်သုံးသပ်ရန် လွှတ်တော်ကိုယ်စားလှယ်တင်ပြ


လာမည့် ဘဏ္ဍာ နှစ် ၂၀၁၇-၁၈ ၌ ဝန်ကြီးဌာနများ တွင် အသုံးပြုနေသော မော်တော် ယာဉ်များ ပြင်ဆင်ထိန်းသိမ်းစ ရိတ်အဖြစ် ကျပ်သန်းတစ်သောင်း ကျော် တောင်းခံထားသဖြင့် ဘဏ္ဍာငွေအလေအလွင့်မရှိစေ ရန် ပြန်လည်သုံးသပ်သင့်ကြောင်း အာဏာရပါတီအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင်က ပြည်ထောင်စုလွှတ်တော် သို့ တင်ပြသည်။

မတ်လ ၁၃ ရက်က ကျင်းပ သော ပြည်ထောင်စုလွှတ်တော် တွင်   လာမည့်   ဘဏ္ဍာနှစ်၌ အစိုးရသုံးစွဲမည့် ဘတ်ဂျက်ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ လည်းဖြစ်သည့် ဒေါ်ခင်စန်းလှိုင် က ယင်းသို့ ထည့်သွင်းဆွေးနွေးခဲ့ သည်။

လက်ရှိတွင် မော်တော်ယာဉ် အသစ်တစ်စီးတန်ဖိုးသည် ကျပ်သန်း ၂၀ မှ ၃၀ (ကျပ်သိန်း ၂၀၀ မှ ၃၀၀) ခန့်ဆိုပါက ကောင်းမွန်ပြီး ငါးနှစ်မှ ဆယ်နှစ်ခန့် ပြုပြင်ထိန်းသိမ်းစရာ မလိုတော့သည့် အသစ်တစ်စီး    ဝယ်ယူရနိုင် သဖြင့် ပြင်မဆုံးသည့် မော်တော် ယာဉ်များကို နိုင်ငံတော်ဘဏ္ဍာ ငွေ အကုန်အကျခံပြီး ပြင်ဆင်စ ရိတ်တောင်းခံမည့်အစား ကားအ သစ်များဝယ်ယူရေး စီမံကိန်းချ ဆောင်ရွက်သင့်သည်ဟု ဒေါ်ခင် စန်းလှိုင်ကတိုက်တွန်းသည်။

လာမည့် ဘတ်ဂျက်တွင် ဝန် ကြီးဌာနအားလုံး၏မော်တော် ယာဉ်ပြင်ဆင်စရိတ် ကျပ်သန်း  တစ်သောင်းကျော်နှင့် ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ အသုံးစရိတ်အ ဖြစ် ကျပ်သန်းငါးသောင်းကျော် တောင်းခံထားမှုရှိသည်ဟု ဒေါ်ခင်စန်းလှိုင်၏ဆွေးနွေးချက်အရ သိရသည်။

ပြီးခဲ့သည့် ကာလများတွင် မော်တော်ယာဉ်ပါမစ်များ ထိန်းချုပ်ပြီး ကားတန်ဖိုးများ အဆမ တန်မြင့်တက်ခဲ့သဖြင့် ဌာနဆိုင် ရာများသည် ကားအသစ်ဝယ်ယူ ရန် ခက်ခဲကာ ယာဉ်အိုယာဉ် ဟောင်းများကို ပြင်ဆင်ထိန်းသိမ်း ခဲ့ကြပြီး ယင်းအကျိုးဆက်အဖြစ် မော်တော်ယာဉ်ပြင်ဆင်စရိတ် ကျပ်ဘီလီယံများစွာ   နှစ်စဉ် တင်ပြတောင်းခံခဲ့ပြီး ခွင့်ပြုနေရသည်ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

‘‘အဲဒီအစဉ်အလာဟာ ကျွန် မတို့ အစိုးရသစ်အနေနဲ့ ပထမဆုံးဘတ်ဂျက်ဖြစ်တဲ့ ယခု ၂၀၁၇-၁၈ဘဏ္ဍာနှစ်အထိ မပြောင်းလဲဘဲ တောင်းမြဲတောင်းနေကြသလို ခွင့်ပြုမြဲခွင့်ပြုနေရသလို ဖြစ်နေ ပါတယ်’’ဟု ဒေါ်ခင်စန်းလှိုင်က လွှတ်တော်သို့ ပြောသည်။

‘‘ယာဉ်အသစ်တွေဟာ လက်ရှိ သုံးနေတဲ့ ယာဉ်အိုယာဉ် ဟောင်းတွေထက် ၅၀ ရာခိုင် နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက် လောင်စာဆီ ကုန်ကျမှုသက်သာ တာမို့ နိုင်ငံတော်ဘတ်ဂျက်ကနေ  နှစ်စဉ်ကျခံနေရတဲ့ ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ ကုန်ကျစရိတ် လည်း သက်သာစေမှာ ဖြစ်ပါ တယ်’’ဟု ဒေါ်ခင်စန်းလှိုင်က ဆို သည်။ ထိုသို့ ဒေါ်ခင်စန်းလှိုင်၏ ဆွေးနွေးမှုအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ဆွေးနွေးမှု များအပေါ် သက်ဆိုင်ရာဝန်ကြီး ဌာနများက လာမည့် ဗုဒ္ဓဟူးနေ့ (မတ်လ ၁၅ ရက်)တွင် ပြည် ထောင်စုလွှတ်တော်သို့ လာ ရောက်ရှင်းလင်းတင်ပြမည်ဖြစ် သည်။


7Day News Journal

No comments:

Post a Comment