ကိုဆွေဝင်းကို အားပေးထောက်ခံသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဟောင်ကောင် တက္ကသိုလ်ပါမောက္ခဦးဆောင်တည်ထောင်
ဟောင်ကောင်တက္က သိုလ် ပါမောက္ခယွမ်ယင်ချန်းက ဦးဆောင်၍ သတင်းစာဆရာကို ဆွေဝင်းကို အားပေးထောက်ခံသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ မတ်လ ၁၃ ရက်တွင် စတင်တည် ထောင်ခဲ့သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းအ တွက် ကမ္ဘာအရပ်ရပ်မှ သတင်းစာဆိုင်ရာ အဖွဲ့အစည်းများ၊ တက္က သိုလ်များပူးပေါင်း၍ အရေးဆိုမှု ပြုလုပ်ရန် Support Ko Swe Winအမည်ရှိ စာမျက်နှာကို တည် ထောင်ခြင်းဖြစ်သည်။
‘‘၂၀၀၈၊ ၂၀၀၉ က ဟောင် ကောင်တက္ကသိုလ်မှာ သတင်းစာ ပညာသွားသင်ယူတုန်းက တွေ့ခဲ့ ရတဲ့ ကျွန်တော့်ရဲ့ ပါမောက္ခယွမ် ယင်ချန်းဦးဆောင်ပြီး ကျွန်တော် အကယ်၍ အဖမ်းခံရရင် ကမ္ဘာအရပ်ရပ်က သတင်းစာဆိုင်ရာ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့အ တူ ပူးပေါင်းပြီး အရေးဆိုမှုပြုလုပ် ဖို့ ကျွန်တော့်ကို အားပေးထောက်ခံတဲ့ ပေ့ခ်ျထောင်လိုက်ပါတယ်’’ ဟု ကိုဆွေဝင်းက ၎င်း၏ဖေ့စ် ဘွတ်ခ်အကောင့်တွင် ရေးသား ဖော်ပြထားသည်။
အထက်ပါ Support Ko Swe Win ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရန်ကုန်လေဆိပ်၌ တရား လွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံ ခံရပြီးနောက်ပိုင်း သတင်းစာဆ ရာ ကိုဆွေဝင်းနှင့်ပတ်သက်သည့် အကြောင်းအရာ ဖြစ်စဉ်များ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို ခြိမ်းခြောက်နေသည့် ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အ ကြောင်းနှင့် ကိုဆွေဝင်းကို အမှု ဖွင့်ညွှန်ကြားသည့် ဆရာတော် ဦးဝီရသူ၏တရားဟောခွင့်ပိတ် ပင်သည့်သတင်းတို့ကို မတ်လ ၁၃ ရက်တွင် လွှင့်တင်ထားသည်။
မန္တလေး မဘသအဖွဲ့ဝင် ဦး ကျော်မျိုးရွှေက ကိုဆွေဝင်းအား ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူပေးရန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် အမှတ် (၇)နယ်မြေရဲစခန်း၌ မတ်လ ၇ ရက်က အမှုဖွင့်ထားသည်။
ပါမောက္ခယွမ်သည် ရန်ကုန် သတင်းစာပညာကျောင်းတွင် သ တင်းစုံစမ်းထောက်လှမ်းခြင်းသ တင်းစာပညာခေါင်းစဉ်ဖြင့် ဖေ ဖော်ဝါရီအတွင်းက လာရောက် ဟောပြောခဲ့သေးသည်။
7Day News Journal
Monday, March 13, 2017
ကိုဆွေဝင်းကို အားပေးထောက်ခံသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဟောင်ကောင် တက္ကသိုလ်ပါမောက္ခဦးဆောင်တည်ထောင်
ကိုဆွေဝင်းကို အားပေးထောက်ခံသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဟောင်ကောင် တက္ကသိုလ်ပါမောက္ခဦးဆောင်တည်ထောင်
Reviewed by Ar Ti
on
10:31 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment