တိုက်ကြီးမှာဒီမနက်ထပ်မံလှုပ်ခတ်တဲ့ငလျင်ကြောင့် အထည်ချုပ်စက်ရုံအလုပ်သမ ၁၅ ဦးထိတ်လန့် သတိမေ့ဆေးရုံရောက်
၁၄၊မတ်၊ရန်ကုန်
သည်ကနေ့ မနက် ၁၀ နာရီ မိနစ်၂၀ အချိန်မှာ တိုက်ကြီးမြို့ မှာ ထပ်မံလှုပ်ခတ်ခဲ့ ငလျင်ကြောင့် အထည်ချုပ် စက်ရုံအလုပ်သမား ထိတ်လန့် ပြီး သတိမေ့သွားလို့ အလုပ်သမ ၁၅ ဦးကို မြို့ နယ်ဆေးရုံမှာ ပို့ ဆောင်ထားတယ်လို့  သိရပါတယ်။
သည်ကနေ့ မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အထည်ချုပ်စက်ရုံတစ်ခုအတွင်းက စက်ရုံအလုပ်သမားတွေဟာ ထိတ်လန့်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ လူနှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
” စက်ရုံက လုံးဝပြိုသွားတာတော့ မဟုတ်ဘူးဗျ။စက်ရုံကဘာမှမဖြစ်ဘူး။ငလျင် ထပ်လှုပ်တော့ကလေးမတွေက လန့်ပြီး မူးမေ့ကုန်တာပေါ့။ အခု ဆေးရုံမှာ ရောက်နေကြပါပြီ။ ” လို့ တိုက်ကြီးမြို့ နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောပါတယ်။
မတ်လ ၁၃ ရက်နေ့ ညက တိုက်ကြီးမြို့ နယ်ကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၅ဒသမ၈အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်ဒဏ်ကြောင့် မူးမေ့သူတွေ၊ အဆောက်အဦးပြိုကျပြီးဒဏ်ရာရသူတွေ၊ အမြင့်မှပစ္စည်းများပြုတ်ကျပြီးထိပ်ပေါက်ခေါင်းပြဲဖြစ်သူတွေ ထိခိုက်ပွန်းရှ ဒဏ် ရာရရှိသူ စုစုပေါင်း၅၂ဦးရှိပြီဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ကြီးမြို့ နယ်မှာရှိတဲ့ သာသနိကအဆောက် အအုံအချို့ ပြိုကျပျက်စီးခဲ့ တယ်လို့  သိရပါတယ်။
ချမ်းသာ
Kumudra
Monday, March 13, 2017
တိုက်ကြီးမှာဒီမနက်ထပ်မံလှုပ်ခတ်တဲ့ငလျင်ကြောင့် အထည်ချုပ်စက်ရုံအလုပ်သမ ၁၅ ဦးထိတ်လန့် သတိမေ့ဆေးရုံရောက်
တိုက်ကြီးမှာဒီမနက်ထပ်မံလှုပ်ခတ်တဲ့ငလျင်ကြောင့် အထည်ချုပ်စက်ရုံအလုပ်သမ ၁၅ ဦးထိတ်လန့် သတိမေ့ဆေးရုံရောက်
Reviewed by Ar Ti
on
11:10 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment