Latest News

Wednesday, March 15, 2017

နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် သာသနိကအဆောက်အအုံအချို့ပျက်စီး

နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် သာသနိကအဆောက်အအုံအချို့ပျက်စီး



 တိုက်ကြီးမြို့တွင် မတ် လ ၁၅ ရက်က နောက်ဆက်တွဲ ငလျင်ထပ်မံလှုပ်သဖြင့် သာသနိ ကအဆောက်အအုံအချို့ ပြိုကျ ပျက်စီးခဲ့သည်။

တိုက်ကြီးမြို့တွင် အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ငလျင် မတ်လ ၁၃ ရက် ည ၈ နာရီ၄၉ မိနစ်က လှုပ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်များ ဆက် တိုက်လှုပ်နေပြီး မတ်လ ၁၄ ရက် ည ၇ နာရီ ၃၅ မိနစ်ခန့်က လှုပ် သော ငလျင်ကြောင့် အင်္ဂလားရပ် ကွက်၊ ကညင်စမ်းကျေးရွာ ဘုန်း တော်ကြီးကျောင်းရှိ သိမ်တော် ကြီး၏ နံရံအနည်းငယ်အက်ကွဲခဲ့သည်။

ထို့အပြင် မတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း နောက်ဆက်တွဲ ငလျင်တစ်ကြိမ်ထပ်မံ လှုပ်ခဲ့ပြီး ရှမ်းစုရပ်ကွက် သမိဒေါ်ဒယမြတ်သုခသီလရှင်ကျောင်းနှင့် ကမ္ဘောဇမြရတနာ ဘုန်းတော်ကြီး ကျောင်းရှိ နံရံများ ပြိုကျပျက်စီးခဲ့ ကြောင်း တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ ဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘လူတွေ ကြောက်လန့်နေ ကြတယ်။ ဒီနေ့ဆို သုံးရက်မြောက် နေ့။ လှုပ်တာတွေက ခဏခဏ။ အခုဆို အကြိမ် ၂၀ ကျော်နေပြီ။ အိမ်ဟောင်းတွေမှာ နေတဲ့သူတွေ ဆို သူများအိမ်သွားအိပ်ကြတယ်’’ ဟု ရှမ်းစုရပ်ကွက်နေ ဒေသခံတစ် ဦးက ပြောသည်။

တိုက်ကြီးမြို့အနီး မတ်လ ၁၃ ရက်က လှုပ်ရှားခဲ့သော အင် အား ၅ ဒသမ ၈ နှင့် ၄ ဒသမ ၇ ငလျင် နှစ်ကြိမ်အတွက် မိုးဇလ ဌာနက သတင်းထုတ်ပြန်ခဲ့သည်။ နောက်ဆက်တွဲငလျင်ငယ်များ နှင့်ပတ်သက်၍ ငလျင်တိုင်းစက် များတွင် မှတ်တမ်းမဝင်ကြောင်း မိုးဇလက ဆိုသည်။

မတ်လ ၁၃ ရက်က ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိငလျင်မှာ ပဲခူးရိုးမအနောက်ခြမ်းရှိ  တိုက်ကြီးပြတ်ရွေ့လှုပ်ရှား ခြင်းဖြစ်ပြီး  သမိုင်းတစ်လျှောက် အင်အားပြင်းငလျင်   လှုပ်ရှားခဲ့ ခြင်းမရှိကြောင်း ဘူမိဗေဒပညာ ရှင်များကဆိုသည်။   ငလျင် ကြောင့် တိုက်ကြီးမြို့တွင် လူနှစ်ဦးသေဆုံးကာ ၂၉ ဦးဒဏ်ရာရခဲ့ သည်။



7Day News Journal

No comments:

Post a Comment