Latest News

Monday, March 6, 2017

ဦးနေ၀င်းရဲ့ သမီးအကြီးအတွက် တိုက်ခန်းဝယ်ဖို့ စာချုပ်ချုပ်ဆိုတော့မည်

ဦးနေ၀င်းရဲ့ သမီးအကြီးအတွက် တိုက်ခန်းဝယ်ဖို့ စာချုပ်ချုပ်ဆိုတော့မည်


တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံ သတ်ဖြတ်သူကို ဖမ်းဆီးပေးရင်း အသက်သေဆုံးခဲ့တဲ့ ဦးနေ၀င်းရဲ့ သမီးကြီး ဖြစ်တဲ့ မပြည့်ပြည့်အတွက် တိုက်ခန်းဝယ်ယူဖို့ မတ်လ ၁၉ရက်နေ့မှာ စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခန်းကတော့ လှိုင်မြို့နယ် ရတနာမွန်အိမ်ရာမှာ ရှိတဲ့ ဒုတိယထပ် မှာဖြစ်ပြီး ကျပ်သိန်း ၃၁၅သိန်းတန် တိုက်ခန်းဖြစ်ပါတယ်။

ဦးမောင်မောင်အေး ဦးဆောင်ပြီးကောက်ယူတဲ့ လှူဒါန်း ငွေတွေ ထဲမှ ၂၅ရာခိုင်နှုန်း အပါအ၀င် ကျန်လှူဒါန်းငွေများကိုပါ စုပေါင်းပြီး ၀ယ်ယူတာဖြစ်တယ်လို့ မပြည့်ပြည့် ကပြောပါတယ်။

“၂၅ရာခိုင်နှုန်းက သိန်း၂၀၀ကျော်ဆိုတော့ အရင်လှူထားတဲ့ ထဲက စိုက်ပြီး ၀ယ်တာ။

အမေစုကလည်း အိမ်ဝယ်တဲ့ နေရာမှာ အမှားအယွင်းမရှိအောင် လွှတ်တော်ကိုယ်စားလှယ်တွေကို လက်မှတ်ထိုးခိုင်းတယ်။”လို့ မပြည့်ပြည့်ကပြောပါတယ်။

ဦးနေ၀င်းရဲ့ သမီးကြီး ရဲ့ အိမ်ဝယ်ယူမှုကို လှိုင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက လိုက်လံ ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

ဦးမောင်မောင်အေးဦးဆောင်တဲ့ အဖွဲ့က အလှူခံပြီး ရရှိတဲ့ ငွေထဲမှ ၂၅ရာခိုင်နှုန်းကို ဦးနေ၀င်း ရဲ့ သမီး အကြီးကို ပေးအပ်ပြီး ကျန်တဲ့ ၇၅ရာခိုင်နှုန်းကို သားသုံးယောက်ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ငွေကိုအသုံးပြုပြီးတော့ ဦးနေ၀င်းအမျိုးသမီးနဲ့ သားသုံးယောက် အတွက်လည်း ဖေဖော်ဝါရီလမှာ နေထိုင်ဖို့တိုက်ခန်းဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

လှူဒါန်းသူ တွေရဲ့ ဆန္ဒအရ ကလေးတွေရဲ့ ရှေ့ ရေးကို ကြည့်ပြီး နေထိုင်ဖို့ တိုက်ခန်းတွေဝယ်ယူပေးကြဖို့ တိုက်တွန်းကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မို့မို့သန္တာ ( Kumudra )

No comments:

Post a Comment