Latest News

Monday, March 6, 2017

နှင်ထုတ်ခံရသည့် မြောက်ကိုရီးယားသံအမတ် မလေးရှားမှ ထွက်ခွာ

နှင်ထုတ်ခံရသည့် မြောက်ကိုရီးယားသံအမတ် မလေးရှားမှ ထွက်ခွာ


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့အစ်ကို အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက နှင်ထုတ်ခံရတဲ့ မြောက်ကိုရီးယားသံအမတ်ဟာ ဒီနေ့ ကွာလာလမ်ပူလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

ကင်ဂျုံအန်းရဲ့အစ်ကို ကင်ဂျုံနမ် အသတ်ခံရမှုကို မလေးရှားအစိုးရက စုံစမ်းစစ်ဆေးမှုဟာ တခြား ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြံစည်မှုဖြစ်တယ်၊ မယုံကြည်ရဘူးလို့ မြောက်ကိုရီးယားသံအမတ်က ပြစ်တင်ဝေဖန်ခဲ့တာပါ။

ဒါကြောင့် မလေးရှားအစိုးရက သံအမတ်ကို မတ်လ ၆ ရက် ညနေ ၆ နာရီ နောက်ဆုံးထားပြီး မလေးရှားနိုင်ငံက ထွက်ခွာဖို့ ထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့လက ကင်ဂျုံနမ် ကွာလာလမ်ပူလေဆိပ်မှာ အသတ်ခံခဲ့ရပြီးနောက်ပိုင်း မလေးရှားအစိုးရက သူ့ရဲ့သံအမတ်ကို ပြန်ခေါ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးထားတာကိုလည်း ဒီနေ့ကစပြီး ဖျက်သိမ်းလိုက်ပါတယ်။

ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မလေးရှားအစိုးရက မြောက်ကိုရီးယားသံရုံး အဆင့်မြင့်ဝန်ထမ်းတဦးနဲ့ မြောက်ကိုရီးယားလေကြောင်းလိုင်း ဝန်ထမ်းတဦးတို့ မေးမြန်းစစ်ဆေးဖို့ကိုလည်း မြောက်ကိုရီးယားအစိုးရက ငြင်းဆန်ထားပါတယ်။

DVB TV News

No comments:

Post a Comment