Latest News

Tuesday, March 14, 2017

ရဲချုပ်ဇော်ဝင်း ဧပြီလကုန် အငြိမ်းစားယူမည်

ရဲချုပ်ဇော်ဝင်း ဧပြီလကုန် အငြိမ်းစားယူမည်


မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းသည် ဧပြီလကုန် တွင် သက်ပြည့်ပင်စင်ယူပြီး ဒုတိယရဲချုပ်က ရဲချုပ်ရာထူး တာဝန်ယူမည်ဖြစ်ကြောင်းပြည် ထဲရေးဝန်ကြီးဌာမှ တာဝန်ရှိသူ ကပြောသည်။

‘‘ရဲချုပ်က အသက် (၆၀) ပြည့်တဲ့အတွက်ကြောင့် Retire လို့ခေါ်တဲ့  အသက် (၆၀) ပြည့်တဲ့ အငြိမ်းစား ယူမှာဖြစ်ပါတယ်။ နောက်က ဒု တိယရဲချုပ်က ပရိုတိုကောအရ ရဲ ချုပ်တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်’’ ဟု ပြည်ထဲရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦး တင်မြင့်က 7Day Daily သတင်း စာအား ပြောကြားသည်။

လက်ရှိဒုတိယရဲချုပ် ရဲမှူး ချုပ်အောင်ဝင်းဦးသည် မှုခင်းရဲ တပ်ဖွဲ့ (စီအိုင်ဒီ) တပ်ဖွဲ့မှူးတာ ၀န်မှ ဒုတိယရဲချုပ်အဖြစ် ၂၀၁၆ ဇူလိုင်က လွှဲပြောင်းတာဝန်ယူခဲ့ သူဖြစ်သည်။ ရဲချုပ်ဇော်ဝင်းရော ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်ဝင်း ဦးပါ တပ်မတော်မှ ပြောင်းရွှေ့ လာသူများဖြစ်ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်း ရရှိသည်။

ရဲချုပ်ဇော်ဝင်းသည် ၁၉၈၁ တွင်တပ်မတော် (ကြည်း) ဗိုလ် သင်တန်းကျောင်း (မှော်ဘီ) ဗိုလ် လောင်းသင်တန်း အမှတ်စဉ် (၆၁) မှ သင်တန်းဆင်းတစ်ဦးဖြစ် သည်။ တပ်မတော်တွင် ဗိုလ်မှူး ကြီးရာထူး နောက်ဆုံးထမ်း ဆောင်ကာ ရဲတပ်ဖွဲ့သို့ ပြောင်း ရွှေ့ခဲ့ပြီး ၂၀၁၃ က လူသိများခဲ့ သော စစ်ကိုင်းတိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်ပတ် သက်နေသော မူးယစ်ဆေးဝါးမှု ကို ဦးဆောင်စစ်ဆေးပြီး နောက် ရဲချုပ်ရာထူးရယူခဲ့သူဖြစ်သည်။ ၎င်း၏ လက်ထက်တွင် ဦး ကိုနီလုပ်ကြံခံရမှု၊ မင်္ဂလာဒုံမြို့ နယ်မှ ရဲဝန်ထမ်းအငြိမ်းစားမိသား စုလိုက် အသတ်ခံရမှု၊ စံချိန်တင် မူးယစ်ဆေးများ ဖမ်းမိမှု၊ ရန်ကုန် မြို့နေရာအချို့ M−150 အချိုရည် ပုလင်းအသုံးပြု၍ ဖောက်ခွဲမှုအ ချို့နှင့် ထရိတ်ဒါးဟိုတယ် ဗုံး ပေါက်ကွဲမှုကဲ့သို့ မှုခင်းကြီးများ ဖြစ်ပွားခဲ့သည်။ မှုခင်းကြီးအချို့ မပေါ်ပေါက်သေးသကဲ့သို့ ဦးကိုနီ လုပ်ကြံခံရမှု သတင်းစာရှင်းလင်း ပွဲတွင် လုပ်ကြံသူများက လူငယ် သဘာဝ မျိုးချစ်စိတ်အစွန်း ရောက်ကာ ကျူးလွန်ခဲ့ကြောင်း ပြောကြားချက်အပေါ် လူထု၏ ဝေဖန်ခံခဲ့ရသည်။ သို့သော်ရဲတပ် ဖွဲ့တွင်း သဘောထားပျော့ပျောင်း သူအဖြစ် နာမည်ကြီးပြီး အစိုးရ သစ်နှင့်လည်း ဆက်ဆံရေး ကောင်း တည်ဆောက်ထားနိုင် ကာ ရဲတပ်ဖွဲ့ဝင်အများစု၏ အ ကောင်းမြင်မှုကိုလည်း ရရှိထား သည်။

ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးသည် စစ်တက္က သိုလ် အမှတ်စဉ် (၂၆) ဆင်းဖြစ် ပြီး လက်ရှိတွင် အသက် (၅၈) နှစ်ကျော်ပြီဖြစ်သည်။ ၎င်း ရဲချုပ် ဖြစ်ပါက ဒုတိယရဲချုပ်သည် တာဝန်ကို လက်ရှိရှိနေသော ရဲ မှူးချုပ် ၂၀ ခန့်မှ တစ်ဦးဖြစ်လာ မည်ဖြစ်ပြီး လတ်တလောတွင် မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ) တပ် ဖွဲ့မှူး ရဲမှူးချုပ် အောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်က ယင်း ရာထူးအတွက် နာမည် ထွက်ပေါ်နေသည်။

 
7Day News Journal

No comments:

Post a Comment