Latest News

Tuesday, March 14, 2017

ရွှေစာရံစေတီ ဗုဒ္ဓပူဇနိယပွဲ စည်ကားစွာ ကျင်းပပြီးစီး

ရွှေစာရံစေတီ ဗုဒ္ဓပူဇနိယပွဲ စည်ကားစွာ ကျင်းပပြီးစီး


သထုံ မတ် ၁၄

မွန်ပြည်နယ် သထုံမြို့၏ကျက်သရေဆောင် လေးဆူ ဓာတ်စံရွှေစာရံစေတီတော်မြတ် ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်(မတ် ၁၃ ရက်)အထိ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဘုရားပွဲတော်တွင် စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း၊ သံဃာတော် ၁ဝ၈ ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လောင်းလှူခြင်း၊ ဆီမီး ၅ဝဝဝ ထွန်းညှိပူဇော်ခြင်းတို့နှင့်အတူ မြန်မာ့ရိုးရာ ရုပ်သေးအမြင့်သဘင်၊ ရိုးရာလက်ဝှေ့ပွဲ၊ဇာတ်သဘင်၊ပျော်ရွှင်ဖွယ်ရာ ကလေးကစားပွဲများ၊ ပွဲဈေးဆိုင်တန်းများ ဖြင့် စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။ ''ဂေါပကအဆက်ဆက်က ထိန်းသိမ်း ပြီး နှစ်စဉ်ကျင်းပလာတာ နှစ်ပေါင်းရာကျော်ပြီ။ အရင်ထဲက ဘုရားပွဲအချိန်ဆို လှည်း ဝိုင်းကြီးတွေနဲ့ အနယ်နယ်အရပ်ရပ်က လာကြတာ ကြက်ပျံမကျဆိုသလို စည်ကား တယ်။ အရင်ကနဲ့ မတူတော့ပေမယ့် လက်ရှိအချိန်မှာလည်း ဘုရားပွဲတော်ကို စည်စည် ကားကားဖြစ်အောင် စီစဉ်ထားပါတယ်''ဟု စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဦးက ပြောသည်။
ရွှေစာရံစေတီတော်မြတ်ကြီးကို ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်က သထုံပြည်သို့ ဒေသစာရီကြွချီခိုက်၌ သထုံဘုရင် သူရိယစန္ဒာမင်းကြီးက ယင်းနှစ် တပေါင်းလပြည့်နေ့တွင် တည်ထားခဲ့ပြီး ကကုသံ မြတ်စွာဘုရား၏ ဆံတော် ရှစ်ဆူ၊ ကောဏဂုံ မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကဿပ မြတ်စွာဘုရား၏ မြသပိတ်တော်နှင့် ဂေါတမမြတ်စွာဘုရား၏ သွားတော်လေးဆူတို့ကို ဌာပနာထား သောကြောင့် လေးဆူ ဓာတ်စံ ရွှေစာရံစေတီဟု အနယ်နယ်အရပ်ရပ်၌ ထင်ရှား ကျော်ကြားသည့် စေတီတော်ကြီးဖြစ်ကာ လက်ရှိအချိန်တွင် ဉာဏ်တော်ပေ ၃၆ဝ ရှိ၍ အရံစေတီပေါင်း ၃၇ ဆူ၊ မုခ်နှင့် ရုပ်ပွားတော်ပေါင်း အစုစု ၄၅ ဆူ ရှိကြောင်း ဂေါပကအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
သက်ဦး(သထုံ)မြန်မာ့အလင်း

No comments:

Post a Comment