Latest News

Saturday, March 18, 2017

အင်းတော်တွင် တရားမဝင်သစ်စက်နှင့် သစ်ခွဲသားများ ဖမ်းမိ

အင်းတော်တွင် တရားမဝင်သစ်စက်နှင့် သစ်ခွဲသားများ ဖမ်းမိ


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် မော်လူး အရှေ့တောင်သစ်တောကြိုးဝိုင်း အတွင်းမှာ မတ် ၁၈ ရက်က တရားမဝင် သစ်စက် ၁ လုံးနဲ့ သစ်ခွဲသားတွေ ဖမ်းဆီး ရမိခဲ့ပါတယ်။


တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆောက်ရွက်ရာ မော်လူး စံပြကျေးရွာ အရှေ့ဘက်နားလုံ လယ်ကွင်းဘေးမှာ တရားမဝင် သစ်ခွဲစက် ၁ လုံး၊ ဆက်စပ်ပစ္စည်း မျိုးစုံ၊ ကျွန်းသစ် ဆိုဒ်စုံ ၂၃ လုံး၊ စကားဝါသစ် ၂ လုံး၊ ကျွန်းခွဲသား ဆိုဒ်စုံ ၄၇ ချောင်း၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၂၆ သိန်းကျော် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။


ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် သစ်ခွဲစက်၊ သစ်ခွဲသားတွေနဲ့ သစ်လုံးတွေကို အင်းတော်မြို့နယ် မော်လူး စခန်းမှူး ရဲအုပ် မင်းသိန်းထွန်း၊ တောအုပ် ဦးဝင်းလှိုင်မိုးတို့ထံ အပ်နှံထားတယ်လို့ ဆိုပါတယ်။

သီဟဆွေ(ကသာ)DVB

No comments:

Post a Comment