Latest News

Saturday, March 18, 2017

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦးသေဆုံး

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦးသေဆုံး


ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ မတ် ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းက အုတ်တင်လာတဲ့ ထော်လာဂျီယာဉ်ကို ကြက်သွန်နီအိတ်တင် ၆ ဘီးယာဉ်က ဝင်တိုက်လို့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။


ဖြစ်စဉ်မှာ ဇင်းကျိုက်မြို့ဘက်ကနေ ပေါင်မြို့ဘက် မင်းဇော်ဦးမောင်းလာတဲ့ ထော်လာဂျီယာဉ်အား ကိုသန်းဇော်မောင်းလာတဲ့ ၆ ဘီးယာဉ်က အနောက်ကနေဝင်တိုက်မိလို့ ထော်လာဂျီယာဉ်ဟာ အရှိန်လွန်ပြီး ဝဲဘက်လမ်းဘေး ထိုးကျတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ထော်လာဂျီယာဉ်မောင်း မင်းဇော်ဦး၊ မဇင်မာဦး၊ မနော်နော်၊ မသီတာစန်း၊ မင်းအောင်တို့ ဒဏ်ရာတွေအသီးသီးရရှိခဲ့ပြီး မဖြိုးဖြိုးဝေက အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၆ ဘီးယာဉ်မောင်း သန်းဇော်အား ပေါင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့အရ အမှုဖွင့်ဆောင်ရွက်လျှက်နေတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။သတင်း -  ယူမင်းစိုး( DVB )

No comments:

Post a Comment