Latest News

Saturday, March 18, 2017

၂၀၁၆ အကယ်ဒမီပွဲ ထူးခြားချက်ခြောက်ချက်

၂၀၁၆ အကယ်ဒမီပွဲ ထူးခြားချက်ခြောက်ချက်

သဘောတွေ့ခဲ့ကြသည့် အကယ် ဒမီအခမ်းအနားအပြင်အဆင်

ယခုနှစ်အကယ်ဒမီကို ပြည် သူ့ရင်ပြင်တွင် ကျင်းပရန်စီစဉ်ရာအမိုးအကာမပါသဖြင့် မိုးရွာနိုင် ခြင်း၊ တစ်နေကုန် နေပူထားသည့် လဟာပြင်ကြီးဖြစ်ပြီး လေအေး ပေးစက်တပ်၍ မရသဖြင့် အကယ်ဒမီပွဲတက် အနုပညာရှင်များဝတ် ဆင်လာသည့် မြန်မာဝတ်စုံများနှင့်ဆိုပါက အပူဒဏ် ပိုမိုခံစားနိုင်ခြင်း စသည့် ဝေဖန်မှုများထွက် ပေါ်ခဲ့သည်။ သို့သော် ပွဲကျင်းပချိန်တွင် ရာသီဥတုသည် ကြည်လင်နေခဲ့ပြီး လေလေးတဖြူးဖြူး ကြောင့် စတိတ်စင်ပေါ်၌ ပုဆိုး၊ထဘီများပင် လေထဲတလွင့်လွင့် ဖြစ်ခဲ့သည်။ ရွှေတိဂုံစေတီနောက် ခံနှင့် ခမ်းနားလှသည့် အကယ်ဒမီပွဲကြီးအတွက် ပရိသတ်များရော အနုပညာရှင်များပါ သဘောကျ နှစ်သက်ခဲ့သည်ကို တွေ့ရသည်။


ရွှေတွေညွတ်ခဲ့ကြသည့် အနုပညာရှင်များ

ယခင်က မြန်မာ့အကယ်ဒမီ ဆုချီးမြှင့်ပွဲတွင် ဆောင်းတွင်းကာ လဖြစ်သဖြင့် အမျိုးသမီး သရုပ် ဆောင်အများစု သဇင်ပန်းများဝေနေအောင် ပန်ခဲ့ကြသော်လည်း နောက်ပိုင်းကာလများ၌ ဘာ ကြောင့်ရယ်မသိ သဇင်ပန်း သိပ် မပန်ကြတော့။ ဒီနှစ်မှာတော့ ထူး ထူးခြားခြား စိန်ရွှေရတနာဆိုင် များက အနုပညာရှင်များအား ရွှေ တွေညွတ်နေအောင် ဆင်ခဲ့သည်။ ဘယ်မင်းသားက ဘယ်နှကျပ် သား၊ ဘယ်မင်းသမီးက ဘယ်နှ ပိဿာ စသည်ဖြင့် အကယ်ဒမီရွှေ စင်ရုပ်တုချီးမြှင့်ပွဲသို့ ကိုယ်ပေါ်ရွှေတွေ အလေးခံတင်ကာ ပွဲတက်ခဲ့သည်။


ရွှေထည်ခုနစ်ဆယ်သားခန့် ဆင်ယင်လာသည့် အိချောပို (ဓာတ်ပုံ − စိုင်းဇော်)

ဝေဖန်ခံခဲ့ရသည့် တိုက်ရိုက် လွှင့်ရုပ်သံအစီအစဉ်တင်ဆက်မှု အချို့

အကယ်ဒမီပေးပွဲကို ရုပ်သံများမှ တိုက်ရိုက်ထုတ်လွှင့်သည့် အခါ ရုပ်သံအစီအစဉ်တင်ဆက် သူအချို့ကို ပရိသတ်များက ဝေ ဖန်ခဲ့သည်။ ရုပ်သံတင်ဆက်သူ များသည် ရုပ်ရည်၊ အသံနေအသံ ထားကောင်းမွန်လှသော်လည်း ရုပ်ရှင်နှင့်ပတ်သက်သည့် ဗဟုသု တအားနည်းခြင်း၊ အင်တာဗျူး မေးမြန်းမှုများတွင် အနုပညာရှင် အတွက်ရော ပရိသတ်အတွက်ပါ  ကြည့်၍ အဆင်ပြေစေမည့် မေးခွန်းမျိုးမမေးနိုင်ပေ။ ဥပမာဆိုလျှင် တက္ကသိုလ်ဂွမ်းပုံ၊ ခင်လှိုင်၊ စိုင်းလွှမ်း အစရှိသည့် သရုပ်ဆောင်များသည် ၂၀၁၆ အတွင်း ဇာတ်ကားများရှိသလို အကယ်ဒမီ ရင်ခုန်နိုင်သည့် အနေအထားမျိုးလည်းဖြစ်သည်။ သို့သော် ၎င်း တို့အား အကယ်ဒမီရင်ခုန်သံ မေး မြန်းခြင်းမပြုဘဲ အခြားဘယ်သူ့ ကို ရစေချင်လဲ၊ ဝတ်စုံလေးတွေ အရမ်းလှတယ်၊ ဘယ်သူချုပ်ပေး တာလဲ စသဖြင့် ဒီဇိုင်နာနှင့် ပိုး ထည်တိုက်များအား ပရိုမိုးရှင်း ဆင်းပေးသည့် မေးခွန်းများကိုသာ မေးမြန်းခဲ့သည်။

 အမျိုးသားအစီအစဉ်တင် ဆက်သူတစ်ဦးဆိုလျှင် မျက်မှန် ကို ဦးခေါင်းနောက်တွင် ပြောင်းပြန်တပ်ကာ အစီအစဉ်တင်ဆက် ခဲ့၍ ဝေဖန်ခဲ့ကြသည်။

အလွဲအချို့

ဆုရရှိသူအား အားပေးသူ များအနေဖြင့် ကိုယ့်နေရာတွင် ကိုယ်ထိုင်ကာ လက်ခုပ်တီးအား ပေးရန် အစီအစဉ်တင်ဆက်သူ များက ပြောခဲ့သည်။ ထို့ကြောင့် ဆုရသူနားသို့ ယခင်လို အုံခဲနှုတ် ဆက်တာမျိုးမတွေ့ရတော့။ ထို့အပြင် ဆုချီးမြှင့်ရခြင်းအကြောင်း တင်ပြနေချိန်တွင်ပင် ရွှေကြိုများက ဆုရသူအား သွားရောက် ခေါ်ဆောင်ခဲ့ပြီး ဆုရှင်မှာ စင်ပေါ်ရောက်ရှိခဲ့၍ ပထမဆုံး အကောင်းဆုံးဇာတ်ကားဆု ချီးမြှင့်ချိန် ကောက်နုတ်ချက် ပြောနေချိန်တွင် ဆုချီးမြှင့်လိုက်ရသော ကြောင့် လက်ခုပ်သံပင် ကောင်း ကောင်းမရခဲ့။ ဆုတစ်ခု ကြေညာ ချိန်တွင်လည်း ကြေညာပေးမည့် သူကို ဖိတ်ခေါ်ပြီးမှ ဆန်ခါတင် ရုပ်ရှင်ကားများ ပြသနေ၍ ကြေ ညာပေးမည့်သူက စင်ပေါ်၌ ရပ် စောင့်နေရပြန်သည်။ ထို့အပြင် ဆန်ခါတင်စာရင်းဝင် ဇာတ်ကား များကို ဆုမကြေညာမီ အနည်း ငယ်ပြသခဲ့ပြီး ဆုကြေညာပြီး နောက် ဆုကောက်နုတ်ချက် ပြကွက်များ မပြသတော့ပေ။ ထို့ အပြင် ရုပ်သံထုတ်လွှင့်ချက်အချို့ တွင် အရိုင်း၏သမီးအမည်ကို မှားယွင်းဖော်ပြခြင်း၊ စိုးပြည့် သဇင်နှင့် စန္ဒီမြင့်လွင်တို့၏ အ မည်များ မှားယွင်းဖော်ပြခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

ဆုမရသေးသူအချို့အောင်ပွဲခံခဲ့သော အကယ်ဒမီ

ဇာတ်ကားဆုအတွက် နာ မည်ကျော် တောင်သူလယ်သမား ဇာတ် ငဘဇာတ်ကားက တစ်ပြေး ခဲ့သော်လည်း လူငယ်စရိုက်ဇာတ် ကောင်များဖြင့် ရိုက်ကူးထားသည့် အုတ်ကြားမြက်ပေါက်က ရရှိခဲ့ သည်။ ယခုနှစ်တွင် ထွန်းထွန်း၊ ဒါရိုက်တာ ညွန့်မြန်မာညီညီ အောင်၊ ဉာဏ်ဝင့် စသည့် ပထမ ဆုံးဆုရှင်များ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ်မှ ကျောက်စိမ်းထွက်ရှိရာ ဖားကန့် ဒေသကို အခြေခံရိုက်ကူးခဲ့သော မနောမြေမှ ကျောက်စိမ်းကမ္ဘာ ဇာတ်ကားက အထူးဆုရရှိခဲ့ သည်။ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုအတွက် ဘွန္တောကြက် သူခိုးမှ ၀ါဝါအောင်၊ ငဘနှင့် မေ ထုန်ရာသီဖွားတို့မှ အေးမြတ်သူ တို့ တစ်ပြေးခဲ့သော်လည်း အဆို ပါဆုကို ချီးမြှင့်ခဲ့ခြင်းမရှိပေ။

အကယ်ဒမီ ဂယက်များ

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုရရှိခဲ့သည့် လူမင်းသည် သူရရှိခဲ့သည့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာ တာတေဇာတ်ကားတွင် ဇာတ် လမ်းအရ အဓိကဇာတ်ဆောင် တစ်ယောက်ဖြစ်သည်။ သို့သော် မြန်မာအကယ်ဒမီပေးပွဲ သတ် မှတ်ချက်က ဇာတ်ပို့လား၊ ဇာတ် ဆောင်လားဆိုတာကို ထုတ်လုပ် သူက တင်ပေးရခြင်းဖြစ်၍ လူ မင်းကို ဇာတ်ပို့နေရာက တင် ပေးသောကြောင့် ဇာတ်ပို့ဆုနေ ရာဝင်သွားခြင်းဖြစ်သည်။ လူမင်း ဆုရရှိသည့်အပေါ် ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည်။ အကောင်းဆုံး အမျိုးသမီး  ဇာတ်ဆောင်ဆုတွင် လည်း ချစ်လှစွာသော အမုန်း ဇာတ်ကားထဲမှ ၀တ်မှုံရွှေရည်နှင့် သက်မွန်မြင့်တို့ နှစ်ယောက်စလုံး ကို ဇာတ်ဆောင်နေရာတင်ခဲ့၍ ဆုအတွက်လည်း နှစ်ယောက်အ ပြိုင်ဖြစ်ခဲ့သည်။ တကယ်တမ်း တွင် သက်မွန်မြင့်ရရှိခဲ့ပြီး ဆုပေး ပွဲမတိုင်မီ ပြေတီဦး၏ ယခုဇာတ် ကားနှင့် အကယ်ဒမီချီးမြှင့်မှုနှင့် ပတ်သက်၍ အသံဖိုင်ထွက်ရှိထား ရာနောက်ဆက်တွဲသတင်းများက လည်း စိတ်ဝင်စားဖွယ် ဖြစ်နေ သည်။ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု ဆန်ခါတင်စာ ရင်းတွင် စိုင်းစိုင်းခမ်းလှိုင်ပါဝင်ခဲ့ ခြင်းကလည်း ပရိသတ်အင်အား တောင့်တင်းသော ၎င်းအတွက် အကယ်ဒမီပေးပွဲအပြီး ရက်ပိုင်း အထိ သတင်းဆက်ဖြစ်နေဦးမည် ဟု ယူဆရသည်။ အကယ်ဒမီအ တွက် နာမည်ကြီးခဲ့သည့် တောင် သူလယ်သမားဇာတ် ငဘဇာတ် ကားနှင့် မန္တလေးနောက်ခံနှင်းဆီ ပန်သူဇာတ်ကားများ တစ်ဆုမှ မရခဲ့ခြင်းလည်း အနုပညာရှင် အချင်းချင်းကြား ဝေဖန်မှုများ ထွက်ပေါ်နေပြီး နောက်ပိုင်းလည်း ဆက်လက် အငြင်းပွားမှုများရှိနေ နိုင်သည်။
7Day News Journal

No comments:

Post a Comment