Latest News

Sunday, March 19, 2017

ရန်ကုန်တွင် ငလျင်အန္တရာယ်အချိန်ပြည့် သတိပြုရန်လိုကြောင်း မြေငလျင်ကော်မတီ သတိပေး

ရန်ကုန်တွင် ငလျင်အန္တရာယ်အချိန်ပြည့် သတိပြုရန်လိုကြောင်း မြေငလျင်ကော်မတီ သတိပေး


အင်အားပြင်းငလျင် လှုပ်နိုင်ခြေရှိသည့် စစ်ကိုင်းပြတ် ရွေ့နှင့် ဒေးဒရဲပြတ်ရွေ့ကြောင့် ရန်ကုန်မြို့တွင် ငလျင်အန္တရာယ် အချိန်ပြည့်သတိပြုရန်လိုအပ် ကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီက သတိပေးသည်။

မတ်လ ၁၃ ရက် ညကတိုက် ကြီးမြို့ကို ဗဟိုပြု၍လှုပ်သော ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်၏အရှိန်ကြောင့် ရန်ကုန်မြို့ခံလူထု စိုးရိမ်ထိတ် လန့်ခဲ့ကြသည်။ တိုက်ကြီးမြို့တွင်လှုပ်သော ငလျင်မှာ ပဲခူးတိုင်း ဒေသကြီးအနောက်ပိုင်းရှိ တိုက် ကြီးပြတ်ရွေ့ကြောင့်ဖြစ်ပြီး ရန် ကုန်မြို့ကို အဓိကခြိမ်းခြောက် နေသည်မှာ စစ်ကိုင်းပြတ်ရွေ့၊ ပဲခူးအပိုင်းနှင့် ဒေးဒရဲပြတ်ရွေ့ဖြစ် ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ မြေငလျင်ကော် မတီဝင် ဘူမိဗေဒပညာရှင်ဒေါက် တာကျော်ထွန်းက ‘‘တိုက်ကြီးပြတ် ရွေ့လှုပ်တာက ရန်ကုန်မှာပါ သိ သိသာသာ သက်ရောက်မှုဖြစ် တယ်။ လှုပ်ဖို့စိုးရိမ်နေရတဲ့ စစ် ကိုင်းပြတ်ရွေ့၊ ပဲခူးအပိုင်းသာအင် အားပြင်း လှုပ်ခဲ့ရင် အလွန်အန္တ ရာယ်များတယ်။ ဒါကြောင့် အခု အချိန်က ငလျင်အန္တရာယ်ကို အထူးသတိထားဖို့ လိုတယ်’’ဟု ပြောသည်။

စစ်ကိုင်းပြတ်ရွေ့၊ ပဲခူးအ ပိုင်းသည် ရစ်ခ်ျတာစကေး ၇ အ ထက် လှုပ်နိုင်ပြီး ဒေးဒရဲပြတ်ရွေ့ သည် ရစ်ခ်ျတာစကေး ၆ အထက် လှုပ်နိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေး သည်။စစ်ကိုင်းပြတ်ရွေ့၊ ပဲခူးအ ပိုင်းသည် ၁၉၃၀ က အင်အားပြင်း ငလျင် နောက်ဆုံးလှုပ်ခဲ့သော ကြောင့် ပြတ်ရွေ့များ၏ သဘာဝ အရ အင်အားပြင်းငလျင်နောက် တစ်ကြိမ် လှုပ်နိုင်ခြေရှိသည်ကို ပညာရှင်များက သတိပေးသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝ တီတိုင်းဒေသကြီးကြားတွင် တည်ရှိနေသော ဒေးဒရဲပြတ်ရွေ့မှာ လည်း အင်အားပြင်းငလျင်အဖြစ် ၁၉၇၅ က နောက်ဆုံးလှုပ်ခဲ့၍ နောက်တစ်ကြိမ် လှုပ်ခတ်မည်ကို စိုးရိမ်စရာဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင်ဒေါ်လှလှအောင်က ပြော သည်။

ဒေးဒရဲပြတ်ရွေ့သည် ၂၀၁၆ အတွင်းက ရစ်ခ်ျတာစကေး ၄ နှင့်၅ ခန့် သုံးကြိမ်ထက်မနည်းလှုပ် ခဲ့ပြီး ယင်းငလျင်အရှိန်ကြောင့် ရန်ကုန်မြို့တွင်ပါ ငလျင်လှုပ်ခတ်မှု ဒဏ်ခံခဲ့ရသည်။

တိုက်ကြီးမြို့တွင် မတ်လ ၁၃ ရက်က ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး နောက်ပိုင်းတွင် အင်အားအနည်း ငယ်ရှိသော ငလျင်များဆက်လက် လှုပ်နေပြီး အဆောက်အအုံအချို့ နံရံအက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ငလျင်ကြောင့် လူနှစ်ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ သည်။


7Day News Journal

No comments:

Post a Comment