Latest News

Sunday, March 19, 2017

မြောက်ကိုရီးယားသမ္မတ ဆိုးဆိုးရွားရွား ပြုမူနေဟု ဒေါ်နယ်ထရမ့် ပြစ်တင်ဝေဖန်

မြောက်ကိုရီးယားသမ္မတ ဆိုးဆိုးရွားရွား ပြုမူနေဟု ဒေါ်နယ်ထရမ့် ပြစ်တင်ဝေဖန်

မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်းဟာ အလွန်အမင်း ဆိုးဆိုးရွားရွား ပြုမူနေကြာင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က မတ်လ ၁၉ ရက်နေ့မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

မြောက်ကိုရီးယားဘက်က ၅ ကြိမ်မြောက် နျူကလီးယားဒုံးလက်နက် စမ်းသပ်ချက်ကို မတ်လ ၁၉ ရက်နေ့က လုပ်ခဲ့ပြီးတဲ့နောက်မှာ သမ္မတ ထရမ့်က အခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

“အတော့်ကို ဆိုးဆိုးရွားရွား ပြုမူနေတဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး အစည်းအဝေးတွေ အတော်များများ ကျနော်လုပ်နေရပါတယ်။ သူဟာ အတော့်ကို ဆိုးဆိုးရွားရွား ပြုမူနေတယ်လို့ ကျနော် ပြောရပါလိမ့်မယ်” လို့ သမ္မတ ထရမ့်က ပြောသွားပါတယ်။

ဖလ်ာရီဒါ နေအိမ်ကနေ ရုံးပြန်တက်ဖို့အတွက် အိမ်ဖြူတော်ကို ထွက်ခွာချိန်  မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့အမေးကို သမ္မတ ထရမ့်က အဲ့ဒီလို ဖြေကြားသွားတာ ဖြစ်ပါတယ်။

ထရမ့်အစိုးရ အုပ်ချုပ်ရေးအရာရှိတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးလက်နက် စမ်းသပ်ချက်အသစ်နဲ့ ပတ်သက်ပြီး ဒီသီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။DVB

No comments:

Post a Comment