Latest News

Sunday, March 19, 2017

မန္တလေးတိုင်းအတွင်း ရေရှားပါးသော ကျေးရွာ ၁၀၀ ကျော်သို့ ရေပေးဝေရန် ကျပ်သန်း ၂၀ သုံးမည်

မန္တလေးတိုင်းအတွင်း ရေရှားပါးသော ကျေးရွာ ၁၀၀ ကျော်သို့ ရေပေးဝေရန် ကျပ်သန်း ၂၀ သုံးမည်


မန္တလေးတိုင်းဒေသ ကြီး မြို့နယ် ၁၅ မြို့နယ်ရှိ ရေရှား ပါးသော ကျေးရွာတစ်ရာကျော် အား မတ်လအတွင်း ရေပေးဝေ ရန် ကျပ်သန်း ၂၀ အသုံးပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် ၁၅ မြို့နယ်မှ ကျေး ရွာပေါင်း ၁၄၃ ရွာအား ရေပေးဝေရန်     စက်သုံးဆီကုန်ကျငွေ နှင့်    ရေသယ်ယာဉ်ငှားရမ်းခ များအသုံးပြုရန် ကျပ်သန်း ၂၀ သုံးစွဲမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဟန်က ပြောသည်။

လက်ရှိ  ရေရှားပါးမှုစတင် ကြုံတွေ့နေရပြီဖြစ်သည့် မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် တို့မှ ကျေးရွာနှစ်ရွာစီအား မတ် လလယ်က စတင်ကာ ရေပေးဝေမှုများစတင်နေကြောင်း ၎င်းက ပြောသည်။

တံတားဦး၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား၊ ငါန်းဇွန်၊ မလှိုင်၊ နွားထိုးကြီး၊ မြင်းခြံ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ၀မ်းတွင်း၊ မိတ္ထီလာ၊ တောင်သာ၊ ညောင်ဦး၊ ကျောက် ပန်းတောင်းအစရှိသည့် မြို့နယ် များမှ ကျေးရွာများလည်း ရေပေး ဝေမည့်အစီအစဉ်တွင် ပါဝင် သည်။

‘‘စက်သုံးဆီစရိတ်တွေ ကား ငှားရမ်းခတွေ ကြိုတင်စရန်သတ် ခိုင်းထားတယ်။ ရွာတွေမှာရှိတဲ့ အုတ်ရေလှောင်ကန်တွေ သန့်ရှင်းရေးလုပ်ခိုင်းထားတယ်။ ရေထည့် ပေးမယ်။ အုတ်ရေလှောင်ကန်မရှိ ဘူးဆိုရင် တာလပတ်ရေလှောင် ကန်နဲ့ ထည့်ပေးမယ်’’ဟု ညွှန် ကြားရေးမှူး ဦးမင်းဟန်က ပြော သည်။

ရရှိထားသော ကျပ်သန်း ၂၀ သည် မတ်လတစ်လတည်းအ တွက်ဖြစ်ပြီး ၀ယ်ယူထားသော စက်သုံးဆီများမကုန်ခဲ့ပါက နောက်နှစ်ဘတ်ဂျက်တွင်ပါ ဆက်လက် သုံးစွဲသွားမည်ဖြစ်ကြောင်း ညွှန် ကြားရေးမှူးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း လာမည့်နွေရာသီကာလ တွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်လာနိုင်သော ကျေးရွာအ ရေအတွက်သည် ပြီးခဲ့သည့်နှစ်ထက် ပိုများလာနိုင်ပြီး အဆိုပါကျေးရွာများတွင် အစုအဖွဲ့ဖွဲ့၍သောက်သုံးရေအလျင်အမြန်ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကြိုတင်ပြုလုပ်ထားရန် ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနများသို့   ညွှန်ကြား ထားကြောင်း သိရသည်။

ထို့ပြင် သောက်သုံးရေအ ခက်အခဲကြုံတွေ့ရနိုင်သည့် ကျေးရွာများ၏ လက်ရှိရေအရင်းအမြစ် (စက်ရေတွင်း၊ လက်ရေတွင်း၊ မြေ သားကန်၊ စိမ့်စမ်းများမှ နေ့စဉ်ရေ သုံးစွဲမှုကို   တွက်ချက်၍ နွေရာ သီကာလအတွင်း ထပ်မံသုံးစွဲနိုင် မည့် ခန့်မှန်းရက်နှင့် ရေစတင်ရှား ပါးပြတ်လပ်မှုဖြစ်ပွားနိုင်မည့် အ ခြေအနေအပေါ် ပံ့ပိုးဖြည့်ဆည်း ပေးရမည့် ခန့်မှန်းရက်ကို တွက် ချက်ထားရန်    ညွှန်ကြားထားသည်။

ယခင်အတွေ့အကြုံအပေါ်အ ခြေခံ၍ နွေရာသီရေရှားနိုင်သော ကျေးရွာများသို့ ကွင်းဆင်းကာ ရေချွေတာသုံးစွဲရန်၊ သောက်သုံး ရေအရင်းအမြစ်များ ထိန်းသိမ်း ရန်နှင့် ရေရှားပါးမှုကြုံတွေ့လာပါ က ရေဖူလုံသောကျေးရွာများမှ မျှတသုံးစွဲရန် စသည့်အချက်များ ပညာပေးရန် ညွှန်ကြားထားသည်။

ရေရှားပါးမှုဖြစ်ပေါ်လာပါ က ရေသယ်ယာဉ်များ၊ မီးသတ် ယာဉ်များပြင်ဆင်ထားရန်လည်း အစီအမံများ ကြိုတင်စီမံဆောင် ရွက်ထားရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ တိုင်းနှင့် ပြည်နယ်အသီး သီးရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနများသို့ ညွှန် ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ မတ်လမှ မေလအထိ အယ်လ်နီညိုရာသီ ဥတုကြောင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ရေရှားပါးသည့် ကျေးရွာ ၁၅၀ ခန့်အား သောက် သုံးရေသယ်ယူပို့ဆောင်ရန် မီး သတ်ကား၊ ရေဘောက်ဆာကား များဖြင့် ရေသယ်ယူပို့ဆောင်ခြင်း နှင့် ရေတွင်းများမှ စက်ဖြင့် မောင်းနှင်ကာ ရေတင်ခြင်းများအတွက် စက်သုံးဆီစရိတ်ကျပ်သန်း ၁၅၀ ကျော်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment