Latest News

Thursday, March 9, 2017

သည်နွေကျောင်းပိတ်ရက်တော့ ချောင်းသာသွားကြတာ များတယ်

သည်နွေကျောင်းပိတ်ရက်တော့ ချောင်းသာသွားကြတာ များတယ်

ချောင်းသာကမ်းခြေကို ခရီးသွားတွေအကြား စိတ်ဝင်စားမှု အများဆုံး ဖြစ်ခဲ့တယ်။

ရန်ကုန်၊ မတ်၈ - နွေကျောင်းပိတ်ရက် ခရီးသွားအဖြစ်ချောင်းသာကိုသွားရောက်မှု မြင့်တက်ခဲ့တယ်လို့ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေဆီကသိရပါတယ်။

‘ပွင့်လင်းရာသီလဲဖြစ်တယ်၊ ကျောင်းတချို့လဲပိတ်ပြီ၊ နောက်ချောင်းသာကလဲ အခြားနေရာထက် အစားအသောက် လမ်းပန်း ဆက်သွယ်ရေးက ပိုလွယ်ကူတော့ အခုလို ခရီးသွားများလာတာပါ၊ ကျွန်တော်တို့ Jovago မှာ ငပလီ၊ ကန်ပက်လက်နဲ့ မောင်းမ ကန်ဒေသတွေကလဲ ခရီးသွား တွေဘက်ကနေ စိတ်ဝင်တစားနဲ့ ဘွတ်ကင်တင်မှု အများဆုံးနေရာ တွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ high-season  ဖြစ်လို့ အခန်းမရတာ တွေရှိတော့ ကိုယ်သွားမယ့်ရက် ကို ကြိုတင်ဘွတ်ကင်လုပ်ထားဖို့ တော့ လိုအပ်ပါတယ်˘ လို့ Jovago မှ မန်နေဂျင်းဒါရိုက်တာ Mr. Frans Maas က ပြောကြားပါတယ်။

ချောင်းသာကမ်းခြေမှာ ပြီး ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အခြားနာမည်ကျော်ကြားတဲ့ ဒေသတွေထက် ခရီးသွားတွေအကြား စိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တယ်လို့ ပြင်သစ်အခြေစိုက် အွန်လိုင်း ဟိုတယ်ဘွတ်ကင်ဝန် ဆောင်မှုဝက်ဘ်ဆိုက် Jovago မှ ထုတ်ပြန်ကြေညာပါတယ်။ ဖေ ဖော်ဝါရီလတွင်း ဟိုတယ်ဘွတ် ကင်တင်မှုတွေကို အခြေခံပြီး တွက်ချက်မှုတွေအရ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ပေါင်း ၅၀ ကျော်ထဲမှာ ချောင်းသာကမ်းခြေဟာ ဘွတ်ကင်ပြုလုပ်သူ ၂၅ ရာခိုင် နှုန်းဖြစ်ပါတယ်။  ပုဂံဒေသက တော့ ၂၀ ရာခိုင်နှုန်းနဲ့ ဒုတိယဘွတ်ကင်ပြုလုပ်မှုအများဆုံး ဖြစ် ပါတယ်။ အလားတူ မုံရွာမြို့ကလည်း ၁၀ ရာခိုင်နှုန်းနဲ့ တတိယ ဘွတ်ကင်ပြုလုပ်မှုအများဆုံး  ဖြစ်နေပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ လအတွင်း ခရီးသွားတွေအနေနဲ့ Jovago ဝက်ဘ်ဆိုက်မှ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဟိုတယ်ဘွတ်ကင်ပြုလုပ်မှုများပြားလာခဲ့ရာ ဇန်န ဝါရီလနဲ့ နှိုင်းယှဉ်ရင် ၂၄ ရာခိုင်နှုန်းတိုးတက်လာပါတယ်။

အွန်လိုင်း ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လေ့လာမှုအရ ခရီးသွားအများစုဟာ ဈေးသက်သာတဲ့ ဟိုတယ်အခန်း ဝန်ဆောင်မှုတွေကို ပိုမိုသဘောကျနှစ်ခြိုက်ကြပါတယ်။ ယခုခရီးသွားကာလမှာ ခရီးသွား လာမှုဟာ ယခင်ထက်များပြားတာကြောင့် ဟိုတယ်အခန်း မရရှိမှုတွေ ကြုံ တွေ့နေရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လည်ပတ်ရန် ကောင်းမွန်တဲ့ ဒေသတွေ အများ အပြားရှိပေမဲ့ ခရီးသွားအများစုမှာ ပုဂံ၊ အင်းလေး၊ ရန်ကုန်၊ မန † လေး၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ဘားအံ၊ ချောင်းသာ၊ ငွေဆောင်စတဲ့ဒေသတွေကို သွားရောက်မှုနှုန်း ပိုမိုများပြားတယ်လို့ သိရပါတယ်။

ယခုလို နွေရာသီဒေသမှာတော့ ပြည်တွင်း ခရီးသွားအများစု ဟာ ကမ်းခြေနဲ့ တောတွင်းခရီး သွားရေတံခွန်နေရာတွေကို စိတ်ဝင်စားမှု ပိုမိုတယ်လို့လည်း ဆိုပါ တယ်။

Author မိုးသိ င်္ဂီဇော်

Kumudra

No comments:

Post a Comment