Latest News

Thursday, March 9, 2017

ရွှေ​ရောင်​လွှမ်းတဲ့အကယ်​ဒမီ​ပေးပွဲ

ရွှေ​ရောင်​လွှမ်းတဲ့အကယ်​ဒမီ​ပေးပွဲ

မန္တ​လေး၊ မတ်​ ၁၀ - မြန်​မာ့ရုပ်​ရှင်​ထူးချွန်​ဆု​ပေးပွဲ ကျင်းပမယ့်​​နေ့မှာ စိန်​​ရွှေရတနာ​တွေကို ဖက်​ရှင်​ပိုင်းမှာ ဝတ်​ဆင်​လာမယ့်​ အနုပညာရှင်​အချို့ကို ​ဖော်​ပြပါတယ်​။ အဲသည်​စိန်​​ရွှေရတနာ​တွေကို ကူညီဆင်​မြန်း​ပေးတာက ​အောင်​သမာဓိ စိန်​​ရွှေရတနာဆိုင်​ကဖြစ်​ပြီး သိန်း​ပေါင်းတစ်​​သောင်း​ကျော်​တန်​ဖိုးရှိတယ်​လို့ အဲသည်​ဆိုင်​ရဲ့ Board of Director မဖြူဖြူ​အောင်​က ​ပြောပါတယ်​။

နှင်းဆီအငြိမ့်​အဖွဲ့ဝင်​​တွေဖြစ်​တဲ့ ဒါရိုက်​တာ ​မောင်​မျိုးမင်း (ရင်​တွင်းဖြစ်​)၊ မင်း​မော်​ကွန်း၊ ​နေတိုး၊ ​ကျော်​​ကျော်​​ဗိုလ်​၊ ထွန်းထွန်းနဲ့ ရဲ​လေးတို့က ​ရွှေနှင်းဆီပုံရင်​ထိုးဝတ်​ဆင်​မှာဖြစ်​ပြီး ​ရွှေ ၁၀ ကျပ်​သားနဲ့ပြုလုပ်​ထားတဲ့ ​လေး​​ထောင့်​ပုံစံ အမျိုးသားကိုင်​ ရွှေပိုက်​ဆံအိတ်​ ကိုင်​​ဆောင်​မှာဖြစ်​ပါတယ်​။

အကယ်​ဒမီသက်​မွန်​မြင့်​က​တော့ အသည်းပုံဒီဇိုင်း​မှာ စိန်​​လေး​တွေထည့်​ထားတဲ့စိန်​ပိုက်​ဆံအိတ်​ကိုကိုင်​​ဆောင်​ကာ စိန်​အမြိတ်​​လေး​တွေချထားတဲ့ ဘယက်​ကို ဝတ်​ဆင်​မှာဖြစ်​ပါတယ်​။

အိ​ချောပိုက​တော့ ​ရွှေသုံးဆယ်​သားကို ဒီဇိုင်းဆင်​ထားတဲ့ ​ရွှေအင်္ကျီဝတ်​ဆင်​ပြီး ​ရွှေသုံးဆယ်​သားခန့်​ရှိ ​ရွှေပိုက်​ဆံအိတ်​ကိုကိုင်​​ဆောင်​မှာဖြစ်​ပါတယ်​။

အကယ်​ဒမီမယ်​လိုဒီက​တော့ ​ကျောက်​​ရောင်​စုံအဆန်း​လေး​တွေနဲ့ပြုလုပ်​ထားတဲ့ ဆွဲကြိုးနဲ့ ​ရွှေပိုက်​ဆံအိတ်​ကိုကိုင်​​ဆောင်​မှာပါ။

ဒိန်း​ဒေါင်​က​တော့ ​သိန်းတစ်​​ထောင်​နီးပါးတန်​ဖိုးရှိ ​ရွှေစလွယ်​၊ ​ရွှေကြိုး၊ ​ရွှေနာရီ၊ ​ရွှေခါးပတ်​တို့ ဝတ်​ဆင်​မှာဖြစ်​ပါတယ်​။

ချောရတနာ၊ နန်းဆုရတီစိုး၊ ယုသန္တာတင်​၊ နန်းခင်​​ဇေယျာ၊ ဆုပန်​ထွာ၊ စိုးပြည့်​သဇင်​၊ စန္ဒီမြင့်​လွင်​၊ ခင်​​လေးနွယ်​နဲ့ သန္တာ​ဗိုလ်​တို့ကလဲ ​အောင်​သမာဓိ စိန်​​ရွှေရတနာလုပ်​ငန်းရဲ့ ​နောက်​ဆုံးထွက်​​နေတဲ့ ​ကျောက်​ဒီဇိုင်း​လေး​တွေ၊ လက်​ဝတ်​ရတနာ​တွေ၊ ကြိုးကို နှစ်​ကုံး သုံးကုံးဆင့်​ဆွဲတဲ့ဒီဇိုင်း​လေး​တွေကို တစ်​​ယောက်​နဲ့တစ်​​ယောက်​မတူ​အောင်​ အမျိုးမျိုးဝတ်​ဆင်​မှာဖြစ်​တယ်​လို့ သိရပါတယ်​။

Author အေးစုမွန်

Kumudra

No comments:

Post a Comment