ရန်ကုန်စတော့အိတ်ချိန်းတွင် လိုအပ်ချက်များရှိနေ၍ မက်စ်ကုမ္ပဏီများအုပ်စု ၀င်ရောက်ရန် အသင့်မဖြစ်သေးဟု ဦးဇော်ဇော်ပြောကြား
MAX ကုမ္ပဏီများအုပ်စု စတော့အိတ်ချိန်းဝင်ရန် စီစဉ်နေသော်လည်း ရန်ကုန်စတော့အိတ်ချိန်းတွင် လိုအပ်ချက်များရှိနေဆဲဖြစ်၍ ၀င်ရောက်ရန် အဆင်သင့်မဖြစ်သေးကြောင်း အမှုဆောင်အရာရှိချုပ် ဦးဇော်ဇော်က ပြောသည်။
ဦးဇော်ဇော်က လက်ရှိလုပ် ငန်းများကို တစ်ဦးတည်းပိုင်လုပ်ငန်းအဖြစ်မှ အများပိုင်လုပ်ငန်းအဖြစ် အသွင်ပြောင်းလဲရန် စတော့အိတ်ချိန်းတွင် ၀င်ရောက်စဉ်းစားနေသည်ဟု ဆိုသည်။
အမေရိကန် အခြေစိုက် Bloomberg မီဒီယာ၏ မတ်လ ၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ် သည့် ‘ Invest Myanmar ’ ပွဲတွင် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ပြောကြားခဲ့သည်။
‘‘စတော့အိတ်ချိန်းကို ၀င် တယ်ဆိုတာ အနာဂတ်ကို ၀ယ် လိုက်တာ။ ဒီလိုဝင်သွားတဲ့အခါ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဘီလီယံ၁၀၀ ရှိထားရင် ဒီနေ့ ထည့်ပြီး မနက်ဖြန် ဘီလီယံ ၃၀ ပဲရှိတော့မယ်ဆိုရင် ဘယ်သူမှဝင်မှာမဟုတ်ဘူး။ ၀ယ်တဲ့သူလည်း အကျိုးရှိမယ်၊ တင်လိုက်တဲ့ လူလည်းအကျိုးရှိမယ်ဆိုတာမျိုး ဖြစ်အောင်လုပ်ရမယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်စတော့အိတ်ချိန်းစ တင်နိုင်သည်မှာ ၀မ်းသာစရာဖြစ် သော်လည်း လိုအပ်ချက်များရှိနေ ဆဲဖြစ်၍ ရှယ်ယာသစ်များစတင် ရောင်းချခွင့်ရှိသည့် အချိန်မှသာ MAX Myanmar က ၀င်ရောက် မည်ဟု ဦးဇော်ဇော်က ပြောသည်။ရန်ကုန် စတော့အိတ်ချိန်း တွင် MAX Myanmar မ၀င်ရောက်နိုင်သေးသော်လည်း ပြည်ပနိုင်ငံ များသို့ ၀င်ရောက်ရန်စီစဉ်နေပြီး ဦးစားပေးအစီအစဉ်တွင် စင်ကာ ပူ၊ ဟောင်ကောင်နှင့် လန်ဒန်စ တော့အိတ်ချိန်းများသို့ ၀င်ရောက်နိုင်ရန် အနာဂတ်အစီအစဉ်ရှိကြောင်း ဦးဇော်ဇော်က ပြောကြားသည်။ လက်ရှိ MAX Myanmar လက်အောက်ခံ AYA Trust သည် ရန်ကုန်စတော့အိတ်ချိန်းတွင် Securities ကုမ္ပဏီအဖြစ် လုပ် ကိုင်နေသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့်ခဲ့ ပြီး FMI ကုမ္ပဏီက ၂၀၁၆ မတ်လ၌ ပထမဆုံး ရှယ်ယာအရောင်းအ၀ယ်စတင်ခဲ့သော စာရင်းဝင်ကုမ္ပဏီဖြစ်ခဲ့သည်။ လက်ရှိအချိန်တွင် စာရင်းဝင်ကုမ္ပဏီ လေးခုရှိပြီး ရှယ်ယာဈေးကျဆင်းကာ လူထုစိတ်ဝင်စားမှုလျော့နည်းနေသည်ဟု ရှယ်ယာ အရောင်းအ၀ယ်သမားများက ဆိုသည်။
7Day News Journal
Thursday, March 9, 2017
ရန်ကုန်စတော့အိတ်ချိန်းတွင် လိုအပ်ချက်များရှိနေ၍ မက်စ်ကုမ္ပဏီများအုပ်စု ၀င်ရောက်ရန် အသင့်မဖြစ်သေးဟု ဦးဇော်ဇော်ပြောကြား
ရန်ကုန်စတော့အိတ်ချိန်းတွင် လိုအပ်ချက်များရှိနေ၍ မက်စ်ကုမ္ပဏီများအုပ်စု ၀င်ရောက်ရန် အသင့်မဖြစ်သေးဟု ဦးဇော်ဇော်ပြောကြား
Reviewed by Ar Ti
on
8:03 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment