Latest News

Monday, March 6, 2017

စက်ရုံစီမံကိန်း ၄၄ ခုကို ယာယီရပ်ဆိုင်းဖို့ ဥပဒေကြမ်းပူးပေါင်းကော်မတီ တင်ပြ

စက်ရုံစီမံကိန်း ၄၄ ခုကို ယာယီရပ်ဆိုင်းဖို့ ဥပဒေကြမ်းပူးပေါင်းကော်မတီ တင်ပြ

၂၀၁၇ - ၂၀၁၈ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းမှာ ထည့်သွင်းထားတဲ့ ၀န်ကြီးဌာန ၂ ခုက စက်ရုံစီမံကိန်း ၄၄ ခုကို ယာယီရပ်ဆိုင်းဖို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်ထံ ဒီနေ့ တင်ပြခဲ့ပါတယ်။

စီးပွားရေးအရတွက်ခြေမကိုက်တဲ့ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ စက်ရုံ ၄၄ ရုံအတွက် စီမံကိန်းလုပ်ငန်းတွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရပ်ဆိုင်းပြီး စနစ်တကျ ပြန်လည်သုံးသပ် ပြီးမှသာ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းတာ ဖြစ်ပါတယ်။

ပူးပေါင်းကော်မတီက တင်ပြတဲ့အထဲမှာ စက်မှုဝန်ကြီးဌာန လက်အောက်က စီမံကိန်း ၃၄ ခု နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနလက်အောက်က စီမံကိန်း ၁၀ ခု တို့ ဖြစ်ပါတယ်။

ဥပဒေကြမ်းပူးပေါင်းကော်မတီက ယာယီရပ်ဆိုင်းဖို့ တင်ပြတဲ့ စက်ရုံတွေထဲမှာ စက်မှုဝန်ကြီးဌာန လက်အောက်က သာဂရ အမှတ် ၁၄ အကြီးစား စက်ရုံ၊ မြင်းခြံက အမှတ်( ၁ )သံမဏိစက်ရုံ၊ အမှတ် ၂ ပင်းပက်သံမဏိစက်ရုံ၊ ကျောက်ဆည်က ပလတ်စတစ်စက်ရုံ၊ သာပေါင်းက အဆင့်မြင့်စက္ကူစက်ရုံ၊ သတင်းစာ စက္ကူစက်ရုံ၊ ရွှေတောင်က အမှတ် ( ၁ ) အထည်စက်ရုံ၊ စစ်ကိုင်းက အမှတ် ( ၃ ) အထည်စက်ရုံ တို့ ပါဝင်ပါတယ်။ ဒါ့အပြင် လျှပ်စစ်နဲ့ စွမ်းအင် ၀န်ကြီးဌာန လက်အောက်က သန်လျင်မှာရှိတဲ့ အမှတ် ( ၁ ) ရေနံချက်စက်ရုံ၊ စလေက အမှတ် ( ၁ ) ဓာတ်မြေသြဇာစက်ရုံ၊ အမှတ် ( ၁ ) ရေနံဓာတ်ငွေ့ရည်စက်ရုံ စတာတွေလည်း ပါဝင်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဟာ ပြည်တွင်း ပြည်ပနည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်း လုပ်ကိုင်ဖို့သင့်တဲ့ စီမံကိန်းတွေ ကိုလည်း တင်ပြခဲ့ပါတယ်။

Photo: Win Naung Toe/ RFA

(  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မတ်လ ၆ ရက်နေ့က ကျင်းပစဉ် )

No comments:

Post a Comment