Latest News

Thursday, March 23, 2017

ဟင်္သာတ - မြန်အောင် ကားလမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်းမကို ဆက်သွယ်သော အင်ပင်-လက်ပံကွင်း-ညောင်ခြေထောက် လမ်းပေါ်ရှိ သစ်သားတံတားများအား သံကူ ကွန်ကရစ်တံတားများ တည်ဆောက်လျက်ရှိ

ဟင်္သာတ - မြန်အောင် ကားလမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်းမကို ဆက်သွယ်သော အင်ပင်-လက်ပံကွင်း-ညောင်ခြေထောက် လမ်းပေါ်ရှိ သစ်သားတံတားများအား သံကူ ကွန်ကရစ်တံတားများ တည်ဆောက်လျက်ရှိ



မြန်အောင် မတ် ၂၃

ဟင်္သာတ - မြန်အောင် ကားလမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်းမကို ဆက်သွယ်သော မြန်အောင်မြို့နယ် အင်ပင်-လက်ပံကွင်း-ညောင်ခြေထောက် လမ်းသည် ၁၂ မိုင် ၂ ဖာလုံ ရှည်လျားပြီး မြန်အောင်မြို့နယ် လမ်းဦးစီးဌာန မှ လမ်းပုံဖော်ခြင်းနှင့် လမ်းသားချောင်း ကျောက်ခင်းခြင်းကို ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာနှစ်တွင် အင်ပင်-လက်ပံကွင်း-ညောင်ခြေထောက် လမ်းပေါ်ရှိ သစ်သားတံတား အချို့အား သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၀ ရက်နေ့က တံတားအမှတ် ၂/၇ (၂၀’×၂၄’) သံကူကွန် ကရစ်တံတား တည်ဆောက်ခြင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေနှင့် လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးထွန်းအောင်တို့က တံတား တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။


အင်ပင်-လက်ပံကွင်း-ညောင်ခြေထောက် လမ်းပေါ်ရှိ တံတားများ ကြံ့ခိုင်ကောင်းမွန်စေရန် တံတားအသစ် တည်ဆောက်ခြင်းကို ယခုဘဏ္ဍာနှစ် တွင် (၅’ အရှည်) Box Culvert (၄) စင်းနှင့် တံတားအရှည် ၁၀’ မှ ၆၀’ အထိ တံတား (၉) စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးထွန်းအောင်ထံမှ သိရှိရသည်။

အင်ပင်-လက်ပံကွင်း-ညောင်ခြေထောက်လမ်းနှင့် တံတားများ ကောင်းမွန်ပါက ဟင်္သာတ-မြန်အောင် ကားလမ်းမှ ပုသိမ်-မုံရွာ ကားလမ်းမသို့ အချိန်တိုအတွင်း ဆက်သွယ် သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဝင်းဗိုလ် ပြန်/ဆက်

No comments:

Post a Comment