Latest News

Thursday, March 23, 2017

ကိုးကန့်လက်နက်ကိုင်အဖွဲ့ အသုံးပြုသည့် ငွေစာရင်းကို တရုတ်ဘဏ် ပိတ်ခဲ့၍ မြန်မာအစိုးရ ချီးကျူးကြိုဆို

ကိုးကန့်လက်နက်ကိုင်အဖွဲ့ အသုံးပြုသည့် ငွေစာရင်းကို တရုတ်ဘဏ် ပိတ်ခဲ့၍ မြန်မာအစိုးရ ချီးကျူးကြိုဆို

တရုတ်-မြန်မာ နယ်စပ်ဒေ သတွင် အခြေစိုက်လှုပ်ရှားနေပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် MNDAA သည် တရုတ်အစိုးရပိုင် လယ်ယာစိုက်ပျိုးရေးဘဏ် (AgBank)၌ ဘဏ်စာရင်းဖွင့်လှစ်ပြီး ငွေကြေးအပ်နှံ စုဆောင်းထား ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ယခုအခါ အဆိုပါ ဘဏ်စာရင်းကို MNDAA က အသုံးပြုနိုင်ခြင်းမရှိတော့ဟု သိရသည်။

တရုတ်သည် အိမ်နီးချင်းမြန်မာနိုင်ငံအပေါ် လွှမ်းမိုးသက် ရောက်မှုကို ချိန်ညှိရန် နယ်စပ် ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အသုံးချနေ ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ဖူး သကဲ့သို့ တရုတ်နှင့် မြန်မာကြား ဆက်ဆံရေးတွင် ယင်းနှင့် ပတ် သက်၍ အထစ်အငေါ့အချို့ဖြစ် ပေါ်ခဲ့သည်။

သို့သော် ယခုအခါ တိုင်းရင်း သား လက်နက်ကိုင်များအသုံးပြု နေသည့် ဘဏ်စာရင်းကို ပိတ်ပစ်ရန် AgBankက ဆုံးဖြတ်ခြင်း အပေါ် မြန်မာအစိုးရဘက်က ချီးကျူး ကြိုဆိုခဲ့သည်။ ‘‘ဒီဆောင်ရွက်ချက်အတွက် ကျွန်တော်တို့ ကျေးဇူးတင်အသိ အမှတ်ပြုပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ရည်မှန်းချက်ဟာ နှစ်နိုင်ငံစလုံးရဲ့ တူညီတဲ့ လိုလားမှု ဖြစ်ပါတယ်’’ဟု မြန်မာအစိုးရပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ရိုက်တာသတင်း ဌာနအား ပြောကြားခဲ့သည်။ ယခုကိစ္စသည် တရုတ်ဘက်မှ အပေါင်းလက္ခဏာဆန်သည့် လုပ်ဆောင်မှု တစ်ရပ်ဟုလည်း ၎င်းကမှတ် ချက်ပေးခဲ့သည်။

MNDAA သည် တရုတ် အစိုးရပိုင် အကြီးမားဆုံး ချေးငွေ လုပ်ငန်းကြီး တစ်ခုဖြစ်သည့် AgBank တွင် တိုက်ရိုက်ဖြစ်စေ၊ မိုဘိုင်းငွေပေးချေစနစ် ဝန်ဆောင် မှုများကို အသုံးပြု၍ဖြစ်စေ ပြီးခဲ့ သည့် ၂ နှစ်အတွင်း ဒေါ်လာ ငါးသိန်းကျော်မျှ စာရင်းဖွင့် စုဆောင်းထားကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ ( 7Day )h

No comments:

Post a Comment