Latest News

Sunday, March 12, 2017

မြဝတီမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မြဝတီမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၂

မတ်လ ၁၀ ရက်က မူးယစ်တပ်ဖွဲ့စု(၃၂)မြ၀တီမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြ၀တီမြို့၊ ရပ်ကွက်(၄)၊ အောင်မြေရွှေဘုံရပ်၊ ကရင်စု၊ အောင်သိပ္ပလမ်းနေ ချစ်ဝင်းစိန် ၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ပြားသိမ်းဆည်းရမိ၍ ကွင်းဆက်ဖော်ထုတ်ရာ ချစ်ကြည်ရေးတံတား အနီးတွင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ ဇော်ဝမ်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြားနှင့် ၎င်းနေထိုင်သည့် မြ၀တီမြို့၊ ရပ်ကွက်(၅)၊ ရေပူစမ်းကျေးရွာ၊ စာသင်ကျောင်းအနီးရှိ နေအိမ်မီးဖိုချောင် မြေကြီးအတွင်းမြှုပ်နှံထားသည့် ပလတ်စတစ်ပုံး(၃)လုံးအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၇,၂၀၀ ပြား၊ အိုက်စ် သုည ဒသမ ၉ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ တရားခံများအား စစ်ဆေးဖော်ထုတ်ချက် အရ မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ချိုလွင်ကြည် (ခ)မဖြူ(ခ)မချို အား မြ၀တီမြို့၊ ရပ်ကွက်(၄)၊ အောင်သုခလမ်းရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ချစ်ဝင်းစိန် (ခ)တိန်နိမ့်နမ့်(၄၈)နှစ်၊ ဇော်ဝမ်း(ခ)ခွန်ဇော်ဝမ်း(၃၅)နှစ် နှင့် ချိုလွင်ကြည်(ခ)မဖြူ(ခ) မချို(၃၈)နှစ် တို့ (၃)ဦးအပေါ် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment