Latest News

Sunday, March 12, 2017

ပဲခူးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပဲခူးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၂

မတ်လ ၁၁ ရက်က မယတစု(၃၆)ပဲခူးမှ တပ်ဖွဲ့ဝင်များသည် ပဲခူးမြို့၊ ရပ်ကွက်ကြီး(၈)၊ ဟိန်း မိုတယ်အနီး ပဲခူး-ရန်ကုန်သွားကားလမ်းပေါ်တွင် ဇေယျာစိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်ကပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြားသိမ်းဆည်း ရမိသဖြင့် ဇေယျာစိုး(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment