Latest News

Saturday, March 18, 2017

ဇီးကုန်းမြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဇီးကုန်းမြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ အမှတ် ၂ ရပ်ကွက် မင်းဘူးလမ်းမှာ  မတ်လ ၁၈ ရက် ည ၁၀ နာရီခွဲလောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ဇီးကုန်းမြို့  အမှတ် ၂ ရပ်ကွက် မင်းဘူးလမ်းရှိ ဦးမင်းသိန်းပိုင်ဆိုင်ပြီး အိမ်ငှား ဦးခင်မောင်စိုး နေထိုင်တဲ့ နေအိမ်က ရေခဲသေတ္တာ ဆေ့ဗ်ဂတ်က အပူရှိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် လူနေအိမ် ၂ လုံးနဲ့ အသေးစားငွေချေးဘဏ် သွပ်မိုးတခြမ်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ရာနေရာကို ဇီးကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့ မီးသတ်ယာဉ်တွေနဲ့အတူ ဒေသခံပြည်သူတွေ၊ ကြို့ပင်ကောက်၊ နတ်တလင်းမြို့နယ်တွေက မီးသတ်တပ်ဖွဲ့ဝင်တွေ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့ ည  ၁၀ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ကျပ်ငွေ ၅ သိန်းခွဲဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ဇီးကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မီးလောင်မှုကို ဇီးကုန်းမြို့မ ရဲစခန်းက ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။DVB

No comments:

Post a Comment