Latest News

Saturday, March 18, 2017

မြင်းခြံတွင် ​ရေဆိုးကန်​ဆယ်သည့် အလုပ်​သမား ၂ ဦး ​အောက်​ဆီဂျင်​ ပြတ်​သေဆုံး

မြင်းခြံတွင် ​ရေဆိုးကန်​ဆယ်သည့် အလုပ်​သမား ၂ ဦး ​အောက်​ဆီဂျင်​ ပြတ်​သေဆုံး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ရေဆိုးကန် ဆယ်ယူရာကနေ  အောက်ဆီဂျင်ပြတ်လပ်ပြီး အလုပ်သမား ၂ ဦးသေဆုံးကာ  ၃ ဦး အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။

မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်မှာ ဖွင့်လှစ်ထားသော Galacy စားသောက်ဆိုင် အလုပ်သမား မောင်သန်းဖြိုးအောင်၊ မောင်သိန်းထိုက်၊ သန်းဇော်မင်း၊ မောင်ထွန်းလင်းအောင်နဲ့ မောင်ပိုင်မိုးတို့ ၅ဦးဟာ မတ် ၁၉ ရက် မနက် ၁ နာရီလောက်က  Galacy စားသောက်ဆိုင် မှ အလျား (၁၀) ပေ အနံ (၆)ပေ အနက် (၇)ပေရှိ စွန့်ပစ်ရေဆိုးကန် အတွင်းရှိရေတွေကို စက်နဲ့စုတ်ယူပြီး  ရေကန်အတွင်း ရွံ့နွံ အနှစ်တို့တွေကို ဆင်းပြီးဆယ်ယူကြတာဖြစ်ပါတယ်။

ရေကန်အတွင်းဆင်းနေစဉ်  အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် အသက်ရှူ မွန်းကြပ်သွားပြီး မောင်သန်းဖြိုးအောင် အသက် (၁၈) နှစ် ၊ မောင်သိန်းထိုက် အသက် (၂၁) နှစ် (ဘ) ဦးခင်မောင်ဌေး တို့ ၂ ဦး နေရာမှာတင် သေဆုံးခဲ့ကြပြီး ကျန် (၃) ဦးကတော့ မြင်းခြံဆေးရုံမှာအရေးပေါ်ဆေးကုသမှု ခံယူနေကြရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Galacy ဆိုင်မန်နေဂျာ ဦးမြင့်စိုးက “ရေဆိုးတွေစက်နဲ့ စုပ်ယူတဲ့ အလုပ်ကို  (၁) လ တခါလောက် လုပ်နေကြပါ။  ခုဟာက ရေကန်ထဲက ရွံ့နွံတွေကို သူတို့က ဆင်းပြီး ဆယ်ယူကြတာဆိုတော့ အောက်ဆီဂျင်ပြတ်လပ်ပြီး အသက်ရှူ ကြပ်သွားတယ်ပဲပြောရမှာပေါ့။ ရေကန်ထဲဆင်းဆယ်တဲ့ မောင်သန်းဖြိုးအောင်နဲ့ မောင်သိန်းထိုက်တို့ကတော့ ဒီမှာပဲ တခါတည်း ဆုံးသွားကြတာပါ။  ကျန်တဲ့ ၃ ယောက်ကိုတော့ ဆေးရုံကို တခါတည်းထဲပို့လိုက်တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သေဆုံးမှု ဓမ္မတာအတိုင်း ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးဖို့ သေမှု သေခင်းဖွင့်ပြီး  မြင်းခြံမြို့မရဲစခန်းက ဒုရဲမှူးဝင်းနိုင်က အမှုဖွင့် အရေးယူ ဆောင်ရွက်နေပါတယ်။

သတင်း ရီရီထွန်း ( မြင်းခြံ )DVB

No comments:

Post a Comment