Latest News

Wednesday, March 1, 2017

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် တရားသူကြီးအချို့၏ အဂတိလိုက်စားမှုများကို တိုက်ဖျက်၍ မှန်မှန်ကန်ကန် စီရင်ချက်ချမှတ်စီရင်နိုင်ပါရန်


ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် မြောင်းမြမဲဆန္ဒနယ် ၂ ဒေါ်ခိုင်ဇင်ဦးတင်သွင်းသော''ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် တရားသူကြီးအချို့၏ အဂတိလိုက်စားမှုများကို တိုက်ဖျက်၍ မှန်မှန်ကန်ကန် စီရင်ချက်ချမှတ်စီရင်နိုင်ပါရန် နှင့်တရားရေးကဏ္ဍကို တာဝန်ရှိသူများမှ ထိန်းကျောင်းတည့်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆို '' ကိုမော်လမြိုင်ကျွန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ကျော်မှ ထောက်ခံဆွေးနွေးသည့် မှတ်တမ်း
https://www.youtube.com/watch?v=Ah1U6q-cLR0

ဦးကျော်ကျော် ၏ ကိုယ်ရေးအကျဉ်း

Add caption
အမည် - ဦးကျော်ကျော်
အဖအမည် - ဦးခင်ဝင်း
မွေးသက္ကရာဇ် - ၉/၁၂/၁၉၇၄
ပညာအရည်အချင်း - B.A [ His; ]
အလုပ်အကိုင် - အင်္ဂလိပ်စာနည်းပြ
ဦးကျော်ကျော်၏ နိုင်ငံရေး ဖြတ်သန်းမှုများ_
- ၁၉၈၈ ( ၈ လေးလုံး ) အရေးတော်ပုံ၌ အဌမတန်းကျောင်းသားအရွယ်ဖြင့် စတင်ပါဝင်လှုပ်ရှားခဲ့
- လူငယ်ညီညွတ်ရေးတပ်ပေါင်းစု ( လ.ည.တ )အဖွဲ့ဝင်ရောက်ပြီး UG လှုပ်ရှားမှုများလုပ်ဆောင်ခဲ့
- ထိုလှုပ်ရှားမှုတို့ကြောင့် ၈၉/၉၀ ပညာသင်နှစ်တွင် ၂ကြိမ်တိုင်တိုင် ကျောင်းထုတ်ပယ်ခံရပြီး ခံဝန်ဖြင့် ပြန်လည်တက်ရောက်ခဲ့
- The Green Ones အဖွဲ့တွင် အတွင်းရေးမှူးအဖြစ်တာဝန်ယူဆောင်ခဲ့
- ၁၅နှစ်အတွင်း ပထမဆုံး စာပေဟောပြောပွဲဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့
- "နွေဦး ဖောင်ဒေးရှင်း" တွင် အတွင်းရေးမှူးအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့
- ကျေးရွာများ စာကြည့်တိုက်ဖွံ့ဖြိုးရေးနှင့် အခြေခံအင်္ဂလိပ်စာသဒ္ဒါများ အခမဲ့ လှည့်လည်သင်ကြားပေးခဲ့
- ဆရာကြီးဦးဝင်းဆွေနှင့် ပူပေါင်းကာ "ကမ်းဆင့်လက်" ပညာဒါနကျောင်းတာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့
- ၂၀၁၂ခုနှစ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်လည်တည်ထောင်ရာတွင် ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့
- မြို့နယ်ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူးတာဝန် ပေးအပ်ခံခဲ့ရ
- မြို့နယ်ညီလာခံတွင် မဲအများဆုံးဖြင့်ရွေးချယ်ခံရပြီး မြို့နယ်အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံခဲ့ရ
- ကျေးရွာပေါင်း (၇၀)ကျော်အား ဒီမိုကရေစီ၏အခြေခံသဘောတရားများနှင့် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း လှည့်လည် ဟောပြောခဲ့
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ကျင်းခဲ့
- လူငယ်ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌ တာဝန်ပေးအပ်ခံခဲ့ရ
- ၂၀၁၄ ခုနှစ်တွင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့မှ အနားယူ၍ စာသင်ကြားခြင်းလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခဲ့
- လက်ရှိကာလတွင် လှိုင်းဘုန်းပညာဒါနအဖွဲ့နှင့်ပူးပေါင်းကာ Future Star တက္ကသိုလ်ဝင်တန်းနည်းပြကျောင်းအား ဦးဆောင်သင်ကြားလျက်ရှိပြီး
တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(2) မှအနိုင်ရရှိပြီး လွှတ်တော်တွင်းပြင်ပ လုပ်ငန်းများကို
လုပ်ဆောင်လျှက်ရှိပါသည်။

No comments:

Post a Comment