အစာအိမ်နဲ့ပတ်သက်လို့ ပြဿနာကြီးကြီးမားမား ရှိနေပြီဆိုတဲ့ လက္ခဏာ (၅) ခု
အစာအိမ်နဲ့ပတ်သက်လို့ သင်အထူးသတိထားရမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေဖြစ်ပေမဲ့ ဆရာဝန်နဲ့ပြဖို့ သင့်ဘက်ကနှောင့်နှေးနေတာမျိုး ဖြစ်တတ်ပါတယ်။
အောက်ပါလက္ခဏာတွေ ဖြစ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရမှာပဲ ဖြစ်ပါတယ်။
၁ - လည်မျို
အစာမျိုချတဲ့အခါ လည်မျိုမှာ တစ်ခုခုခံနေသလိုမျိုးခံစားရရင် သတိထားပါ။ အချိန်ကြာလာတာနဲ့အမျှ အစာစားရတာ ပိုခက်ခဲလာပြီး ရေသောက်ရတာတောင် ခက်လာတတ်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးတာ၊ကြို့ထိုးတာ၊ နည်းနည်းလေးစားပြီးတာနဲ့ ဝသွားသလို ခံစားရတာမျိုးပါဖြစ်တတ်ပါတယ်။ ဒါဟာ အစာအိမ်ရေမျိုပြွန်ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
၂ - ဂတ်စ်
လေချင်တက်တာလိုမျိုး ဂတ်စ်တွေ ပြန်ထွက်တာဟာ သာမန်ကိစ္စတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့မှာ ဂတ်စ်နှစ်လီတာလောက် ထုတ်လုပ်တတ်ပါတယ်။ စိုးရိမ်ရမယ့်အချက်ကတော့ ဗိုက်ထဲမှာပါ မအီမသာဖြစ်ပြီး ဝိတ်အလွန်အမင်းကျသွားတာ ဖြစ်ပါတယ်။ အနံ့ဆိုးဆိုးဝါးဝါးနံတာ ဖြစ်ပါတယ်။ giardia လို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုး အူတွေမှာ ရှိနေတဲ့ လက္ခဏာဖြစ်ပါတယ်။
၃ - ဘောင်းဘီတွေချောင်ကုန်တယ်
ဝိတ်ကျသွားခြင်းဟာ ကျန်းမာရေးပြဿနာပေါင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာရင် အစာအိမ်ပြဿနာကလည်း သင်ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ခုပါ။ အစာအိမ်နဲ့ပတ်သက်တဲ့ ပြဿနာတွေရှိတဲ့အခါ ရုတ်တရက် ခန္ဓာကိုယ်အလေးချိန် ထိုးကျသွားတတ်ပါတယ်။
၎ - သွေးပါတယ်
အိမ်သာတက်တဲ့အခါ သွေးပါတယ်ဆိုရင် သင့်အနေနဲ့ သတိထားဖို့ဆိုတာ ပြောစရာတောင် မလိုပါဘူး။ သွေးပါတာဟာ အခြားပြဿနာတွေကြောင့် ဖြစ်နိုင်သလို အစာအိမ်လမ်းကြောင်းနဲ့လည်း ဆိုင်နိုင်ပါတယ်။
၅ - သံဓာတ်
သံဓာတ်ဟာ အောက်ဆီဂျင်တွေ သွေးကြောထဲပို့ရာမှာ ကူညီပါတယ်။ သံဓာတ်ချို့တဲ့ရင် မောပန်းတာ၊ ခေါင်းကိုက်တာ၊ အသားတွေ ဝါတာ၊ အားနည်းတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သံဓာတ်နဲ့ သွေးအားနည်းမှုဟာ အစာအိမ်လမ်းကြောင်းနဲ့လည်း သက်ဆိုင်တတ်ပါတယ်။
Photos & Source: Prevention
Duwun
Wednesday, March 1, 2017
အစာအိမ်နဲ့ပတ်သက်လို့ ပြဿနာကြီးကြီးမားမား ရှိနေပြီဆိုတဲ့ လက္ခဏာ (၅) ခု
အစာအိမ်နဲ့ပတ်သက်လို့ ပြဿနာကြီးကြီးမားမား ရှိနေပြီဆိုတဲ့ လက္ခဏာ (၅) ခု
Reviewed by Ar Ti
on
9:16 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment