Wednesday, March 1, 2017
ဒီနှစ် အကယ်ဒမီရဲ့ ထူးခြားချက်လေးချက်
ဒီနှစ် အကယ်ဒမီရဲ့ ထူးခြားချက်လေးချက်
မတ်လ ၁၈ ရက်တွင် ၂၀၁၆အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲအခမ်းအနားကို ကျင်းပတော့မည်ဖြစ်သည်။ ထို့ကြောင့် ယခုနှစ် အကယ်ဒမီပေးပွဲ နှင့်ပတ်သက်သည့် ထူးခြားချက်လေးချက်ကို စုစည်းဖော်ပြလိုက်ပါသည်။
ရွှေတိဂုံစေတီတော်ကြီးနောက်ခံ ကျင်းပခွင့်ရ
ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပသည့် သက်တမ်းတစ် လျှောက် တစ်ကြိမ်မှ မကျင်းပဖူး သည့် ပြည်သူ့ရင်ပြင်၌ ပထမဆုံး အကြိမ် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ ပေါ်တွင် ထင်ရှားကျော်ကြားသည့် နေရာဒေသတစ်ခုအဖြစ် သတ် မှတ်ထားသော ရွှေတိဂုံစေတီတော်နောက်ခံဖြင့် ကျင်းပနိုင် တော့မည့်အချက်က ထူးခြားချက်တစ်ခုဖြစ်သည်။ အနုပညာရှင်များအနေဖြင့် နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မြန်မာဆန် ဆန် ဖက်ရှင်များဖြင့်သာ တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်သည် ရွှေတိဂုံစေတီတော် နောက်ခံဖြင့် ကျင်းပမည်ဖြစ်သော ကြောင့် ဝတ်စားဆင်ယင်မှုပိုင်း တွင် ပိုမိုထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ပြီး အကယ်ဒမီပေးပွဲအခမ်း အနားကို တာဝန်ယူ
စီစဉ်မည့် ဂျွန်လွင်က မလုံမခြုံဝတ်စားလာပါ က ပဝါများဖြင့် ဖုံးအုပ်မည်ဟု မီဒီယာတစ်ခုအား ဖြေကြားထား သည်။
ဆုစိစစ်အကဲဖြတ်မှု အမှန် တကယ်အပြောင်းအလဲရှိနိုင်မည်လား
အကယ်ဒမီဆုရွေးချယ်သည့် ကဏ္ဍနှင့်ပတ်သက်၍ နှစ်စဉ်ဝေ ဖန်မှု အနည်းနှင့်အများ ထွက်ပေါ် လေ့ရှိသည်။ ယခုနှစ်တွင် ယခင် နှစ်များအတိုင်း အလွှာအလိုက် ရွေးချယ်မှုများ ပြုလုပ်ခဲ့သည့်အ ပြင် ရွေးချယ်သည့်စနစ်များကို
ပြောင်းလဲထားသည်ဟု စိစစ်ရွေး ချယ်ရေးအဖွဲ့က ပြောကြားထား သည်။ ထို့အပြင် ဆုတစ်ဆုချင်းစီ အလိုက် ရွေးချယ်သည့် စံသတ် မှတ်ချက်များကိုလည်း အသိပေး ထားခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု နှင့်ပတ်သက်၍ ကန့်သတ်ထား သည့် အချက်များကိုလည်း ကြေ ညာထားသည်။ ယင်းအချက်များ သည် စံချိန်မီခြင်းမရှိလျှင် ဆုမပေး ခြင်း၊ ထူးချွန်ဆုတစ်ဦးတည်းကို သာ ပေးမည်ဖြစ်ပြီး ပူးတွဲဆုမပေး ခြင်း၊ နိုင်ငံခြားရုပ်ရှင်များကို မှီငြမ်း
ထားသည့် ရုပ်ရှင်ကားများကို ထူး ချွန်ဆုမပေးခြင်း၊ ဇာတ်ညွှန်းစာ အုပ်မတင်ပြနိုင်သော ဇာတ်ကား များကို ဇာတ်ညွှန်းဆုမပေးခြင်း၊ နည်းပညာနှင့်ပတ်သက်လျှင် နိုင်ငံခြားပညာရှင်များအား ဆုမပေး ခြင်းနှင့် ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ ဆုများနှင့်ပတ်သက်၍ အငြင်းပွား စရာများရှိပါက ဆုရွေးချယ်ရေးအ ဖွဲ့က ညှိနှိုင်းသတ်မှတ်မည်ဆို သည့် အချက်များဖြစ်သည်။ အ ကယ်ဒမီဆန်ခါတင်ဇာတ်ကား ၁၀ ကား ရွေးချယ်ထားပြီး သတင်း ထုတ်ပြန်ခြင်း
မရှိသော်လည်း အ ဆိုပါ ၁၀ ကားစာရင်းဟုဆိုကာ လူမှုကွန်ရက်များတွင် ပျံ့နှံ့မှုများ ရှိနေသကဲ့သို့ ရုပ်သံမီဒီယာများ တွင်လည်း တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် ပွဲမတိုင်မီကတည်းက ပွဲဆူနေ သည့် အကယ်ဒမီကို ယခင်နှစ်များ နှင့် ထူးခြားမှု ရှိ၊ မရှိကို စောင့် ကြည့်နေရဦးမည်ဖြစ်သည်။
ဆုမရဖူးသေးသူတွေ ရဖို့ရေပန်း စားရင်ခုန်နေရတဲ့နှစ်
ယခုနှစ် အကယ်ဒမီအတွက် တစ်ကြိုခန့်မှန်းပေးသည့် အနု ပညာရှင်များတွင် အကယ်ဒမီဆု များကို နှစ်စဉ်လိုလိုရနေသည့် နာ မည်ကြီးများထက် ဆုတစ်ခါမျှမရ ဖူးသေးသည့် သရုပ်ဆောင်များ ဆုရရန် ရေပန်းစားနေသည်။ ထွန်းထွန်း၊ မြင့်မြတ်၊ အောင်ရဲ လင်း၊ အေးမြတ်သူ၊ ထူးမွန်၊ ပိုင် ဖြိုးသုတို့ အကယ်ဒမီပြေးလမ်း ပေါ်တွင် တာထွက်ကောင်းနေ ကာ ရုပ်ရှင်လောကနှင့် ကိုးနှစ်ခန့် ကင်းကွာခဲ့ပြီးမှ ဇာတ်ကားများ ပြန်လည်ရိုက်ကူးခဲ့သည့်
ကျော်သူကိုလည်း ခန့်မှန်းပေးထားသည်။ သို့ သော်လည်း အကယ်ဒမီသည် နတ်ကြီးသည်ဟု အနုပညာရှင်များ ယူဆထားကြသည့်အတိုင်း ခန့်မှန်းချက်များ မှန်၊ မမှန်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ဝါရင့်ဒါရိုက်တာ
တစ်ဦးဖြစ်သည့် ဝိုင်းကမူ ယခုနှစ် အကယ်ဒမီသည် အသက်ကြီးသူ၊ စည်းစိမ်ကြီးသူ၊ ဂုဏ်ဒြပ် ကြီးသူများ လွှမ်းမိုးနိုင်ကြောင်း ခန့်မှန်းထားသည်။
ပြည်ပအနုပညာရှင်တွေ ဖန်တီး ထားတဲ့ ဇာတ်ကားတွေရဲ့ အခြေအနေ
ယခုနှစ် အကယ်ဒမီစာရင်း ဝင် ဇာတ်ကားစာရင်းတွင် ပြည်ပ နိုင်ငံနှင့် တွဲဖက်ရိုက်ကူးထားသည့် ဇာတ်ကားအချို့ ပါဝင်သကဲ့သို့ပြည်ပပညာရှင်များ ပါဝင်ဖန်တီး ထားသည့် ဇာတ်ကားအချို့လည်း ပါဝင်နေသည်။ ထိုင်းနိုင်ငံနှင့် ပူး ပေါင်းရိုက်ကူးထားသည့် ‘ဘန် ကောက်မှ မန္တလေးသို့’ ရုပ်ရှင် ဇာတ်ကားသည် ထိုင်းနိုင်ငံ၏ ရုပ် ရှင်ထူးချွန်ဆုစာရင်းတွင် ဆန်ခါ တင်စာရင်းဝင်သော်လည်း မြန်မာ နိုင်ငံတွင် ယင်းဇာတ်ကားနှင့်ပတ် သက်၍ အသံတိတ်နေ
သည်။ အဆိုပါဇာတ်ကားကို မြန်မာနိုင်ငံ ဘက်မှ ထုတ်လုပ်သူ ဦးစူဝမ်းက အထက်ပါကိစ္စအပေါ် ထိုင်းနိုင်ငံမှ အကဲဖြတ်များသည် မြန်မာနိုင်ငံမှ အကဲဖြတ်များလောက် မတော် သောကြောင့် ဖြစ်နိုင်သည်ဟု သုံး သပ်ထားသည်။ ထို့အပြင် ခိုးဆိုး လုနှိုက်ရုပ်ရှင်မှာလည်း ဆန်ခါ တင် ၁၀ ကားစာရင်းတွင် ပါဝင် သည်ဟု ခန့်မှန်းပေးမှုများရှိသော် လည်း ပြည်ပဒါရိုက်တာတစ်ဦး က ရိုက်ကူးထားခြင်းဖြစ်သော ကြောင့် နည်းပညာပိုင်းထူးချွန်ဆု အပါအဝင် အခြားထူးချွန်ဆုများ ရွေးချယ်မှု ရှိ၊ မရှိကို စောင့်ကြည့် ရမည်ဖြစ်သည်။
7Day News Journal
ဒီနှစ် အကယ်ဒမီရဲ့ ထူးခြားချက်လေးချက်
Reviewed by Ar Ti
on
8:35 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment