Latest News

Tuesday, March 14, 2017

ဒေါ်အောင်ဆန်းစုကြည်၏ဘာသာပြန်ကဗျာ ကျောင်းသင်ခန်းစာတွင် ပြဋ္ဌာန်းရန် အကြံပြု

ဒေါ်အောင်ဆန်းစုကြည်၏ဘာသာပြန်ကဗျာ ကျောင်းသင်ခန်းစာတွင် ပြဋ္ဌာန်းရန် အကြံပြု

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ထားတဲ့ IF(အကယ်၍)ကဗျာကို ကျောင်းတွေမှာ သင်ကြားဖို့ ပြဌာန်းသင့်တယ်လို့  အမျိုးသားလွှတ်တော်မှာ အကြံပြု သွားပါတယ်။

မတ်လ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းဝေး ကာလထိ ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာ အခုလိုထည့်သွင်း အကြံပြုတာ ဖြစ်ပါတယ်။

‌လူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ကိုယ်ကျင့်တရားကို စောင့်ထိန်းအပ်တဲ့ အတွေးအခေါ် အယူအဆတွေရစေဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုထားတဲ့ (အကယ်၍) ကဗျာကို ကျောင်းသင်ဘာသာရပ်အဖြစ် ပြဌာန်းပေးသင့်တယ်လို့ အကြံပြုအပ်ပါတယ် လို့ ကော်မတီရဲ့ ဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်က ပြောပါတယ်။

DVB

No comments:

Post a Comment