Latest News

Tuesday, March 14, 2017

တောင်ကိုရီယား သမ္မတဟောင်း စုံစမ်းမေးမြန်းခံရမည်ဟုအစိုးရရှေနေတွေပြော


တောင်ကိုရီယားအစိုးရရှေနေ့တွေဟာ ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ သမ္မတဟောင်း ပတ်ဂွန်ဟေးကို သူမရဲ့ အကျင့်ပျက်လဘ်စားမှုနဲ့ ပက်သက်ပြီး စုံစမ်းမေးမြန်းမှုတွေလုပ်ဖို့ဆင့်ခေါ်မေးမြန်းသွားမယ်လို့ သိရပါတယ်။
တောင်ကိုရီယားအစိုးရရှေနေ့ရုံးက သမ္မတဟောင်း ကို ဆင်ခေါ်မေးမြန်းသွားမှာဖြစ်ပြီး အချိန်ညှိနိုင်းသွားမှာမဟုတ်ကြောင်း ပြောပါတယ်။
 သမ္မတဟောင်း ပတ်ဂွန်ဟေးကမှု အဆိုပါဆင်ခေါ်မေးမြန်းမှုပြုလုပ်မယ်ဆိုတဲ့အချက်နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပေးတာမရှိသေးပါဘူး၊
ဖွဲစည်းပုံအခြေခံဥပဒေ ရုံးဟာ ပြီးခဲ့တဲ့ရက်ပိုင်း သမ္မတဟောင်း ပတ်ဂွန်ဟေးအပေါ်လွတ်တော်က စွပ်စွဲပြစ်တင်ထားမှုအပေါ် အပြစ်ရှိကြောင်း တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ပြီးနောက်  ပတ်ဂွန်ဟေး ဟာ သမ္မတရာထူးကဆင်းပေးခဲ့ပါတယ်။
 သမ္မတ ပတ်ဂွန်ဟေးဟာ သူရဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအပေါ် လဘ်ငွေယူမှုအပေါ်နောက်ကွယ်က ပါဝင်ပက်သက်ဖွယ်ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။
သမ္မတ ပတ်ဂွန်ဟေးကတော့ သူမအနေနဲ့ တစ်စုံတရာအမှားအယွင်းမလုပ်ထားဖူးလို့ အရင်ကတုံပြန်ပြောထားပါတယ်။
 သမ္မတ ပတ်ဂွန်ဟေး ဟာ တနင်္ဂနွေ့က သမ္မတ အိမ်ပြာတော်က ထွက်ခွာခဲ့ရပြီး သာမန်လူတစ်ဦးပုံစံ နဲ့ ဆိုလ်မြို့ကိုပြောင်းရွေနေထိုင်ခဲ့ရပါတယ်။
သမ္မတ ဟောင်း ပတ်ဂွန်ဟေးကို ဆန်ကျင့်သူတွေက သူမကို ရာဇာဝတ်ကြောင်းအရ တရားစွဲဆိုမှုတွေ ပြုလုပ်ဖို့တောင်းဆိုထားပါတယ်။ သမ္မတ ဟောင်း ပတ်ဂွန်ဟေး ဟာ တောင်ကိုရီယားနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့ ပထမဆုံးအမျိုးသမီး သမ္မတ တစ်ဦးဖြစ်ပါတယ်။
REF REUTER
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည် 

No comments:

Post a Comment