Latest News

Friday, March 3, 2017

မြောက်ကိုရီယား နိုင်ငံသားတွေ မလေးရှား ဗီဇာကင်းလွတ်ခွင့်မပေး


မလေးရှားနိုင်ငံ ဟာ မြောက်ကိုရီယား နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးထားမှုအပေါ် ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့  မလေးရှား ဒုတိယ၀န်ကြီးချုပ် အာမက်ဇာဒီ ဟာမီဒီက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ မြောက်ကိုရီယားခေါင်းဆောင်ရဲ့အကိုဖြစ်သူ ကင်ဂျုံနမ် လုပ်ကြံခံရပြီးနောက်နှစ်နိုင်ငံကြားဆက်ဆံရေးအေးဆက်မှုတွေရှိလာခဲ့ပါတယ်။
မလေးရှားဒုတိယ၀န်ကြီးချုပ်က “ လုံခြုံရေးအခြေနေတွေကြောင့် လူဝင်မှုကြီးကြပ်ရေး ဌာန ဆီ ပြည်ထဲရေးဝန်ကြီးဌာန နေပြီး ဗီဇာကင်းလွတ်ခွင့်ပေးတာ တားသွားမှာဖြစ်တယ်။ “လို့ ပြောပါတယ်။
မြောက်ကိုရီယားနိုင်ငံသားတွေ အနေနဲ့  မလေးရှားနိုင်ငံဆီလာရောက်မယ်ဆိုရင် ဗီဇာလျှောက်ထားမှုတွေလုပ်ဆောင်ရမှာဖြစ်ပြီးမတ်လ ၆ ရက်နေ့ က စပြီး ဗီဇာလျှောက်ထားမှု စတင်ပြုလုပ်ဖို့ သက်ရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

 မြောက်ကိုရီယားနိုင်ငံ ခေါင်းဆောင်ရဲ့အကိုဖြစ်သူ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကွာလာလမ်ပူလေဆိပ်မှာ VX အဆိပ်နဲ့လုပ်ကြံခံရပြီး အဲဒီလုပ်ကြံမှုတွေကိုမြောက်ကိုရီယားနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတဲ့အပြင်အချို့က မြောက်ကိုရီးယားနိုင်ငံဆီထွက်ပြေးလွတ်မြောက်သွားပြီလို့ မလေးရှားရဲချုပ် ကပြောဆိုထားပြီးဖြစ်ပါတယ်။

  လက်ရှိအချိန်မှာ မလေးရှားအာဏာပိုင်တွေဟာ လုပ်ကြံမှုမှာ ပါဝင်ခဲ့သူအမျိုးသမီးနှစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး မြောက်ကိုရီယားနိုင်ငံသား တစ်ဦးကို မြောက်ကိုရီယားနိုင်ငံဆီ ပြန်ပို့ သွားမယ်လို့ မလေးရှားနိုင်ငံ ကပြောပါတယ်။ မလေးရှားနိုင်ငံက အခုလုပ်ကြံမှုထဲ မြောက်ကိုရီယားနိုင်ငံသား ၆ ဦးအထိ ပါဝင်နေတယ်လို့ေ ပြာပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment