Latest News

Friday, March 3, 2017

ဆွီဒင်၌ စစ်မှုမထမ်းမနေရစနစ် ပြန်လည်ကျင့်သုံးမည်


စတော့ဟုမ်း ၊ ၃-၃-၂၀၁၇

ရုရှားအပါ အဝင် တစ်ကမ္ဘာလုံး လုံခြုံမှု ပြဿနာ များကို ရင်ဆိုင်ရေး အတွက် ယခု နွေရာသီ မှစ၍ ဆွီဒင်နိုင်ငံ က စစ်မှု မထမ်းမနေရ စနစ် ပြန်လည် ကျင့်သုံးမည် ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်း ဌာန ကယနေ့ တွင် ဖော်ပြ ခဲ့သည်။

တစ်ကမ္ဘာ လုံးဆိုင်ရာ လုံခြုံရေး အခြေ အနေများ ပြောင်းလဲလာမှု ကြောင့် ဆွီဒင် အစိုးရ အနေဖြင့် ပိုမို တည်ငြိမ်ရေး အတွက် စစ်မှုထမ်း စုဆောင်းမှု စနစ် အသုံးပြုရန် ဆန္ဒရှိ ပြီး ဆွီဒင် တပ်မတော်၏ စစ်ရေး စွမ်းဆောင်ရည်ကို လည်းပိုမို မြှင့်တင် ရန်လိုလား ကြောင်း ဆွီဒင် ကာကွယ် ရေးဝန်ကြီး က ယနေ့တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ အတွင်းက မည်သည့် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ပဋိပက္ခ ရင်ဆိုင်ခဲ့ဖူး ခြင်းမရှိသော ဆွီဒင် နိုင်ငံသည် စစ်မှု မထမ်း မနေရ စနစ် ကျင့်သုံး ခြင်းဖြင့် ခေတ်သစ် တပ်မတော် တစ်ရပ်၏ လိုအပ်ချက် များအား ဖြည့်ဆည်း ပေးနိုင်စွမ်း မရှိဟူသော အကြောင်း ပြချက်ဖြင့် စစ်မှု မထမ်း မနေရ စနစ်ကို ဖျက်သိမ်း ခဲ့သည်။

 သို့သော် ဆွီဒင် နိုင်ငံ အစိုးရက ယနေ့တွင် ၁၉၉၉ ခုနှစ် နောက်ပိုင်း မွေးဖွားသော ဆွီဒင် နိုင်ငံသား အားလုံး အကျုံးဝင်မည့် စစ်မှုမထမ်း မနေရ စနစ် ပြန်လည် ကျင့်သုံးရေး ဆိုင်ရာ ဥပဒေကြမ်း ကို တင်သွင်း ရန်စီစဉ် ထားသည်။

ထို့ပြင် စစ်မှု မထမ်း မနေရ စနစ် ပြန်လည် ကျင့်သုံး ရေးဆိုင်ရာ ဥပဒေကြမ်း ကိုအတည်ပြု ခဲ့ပါက ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ရက် နောက်ပိုင်း မှစ၍ နှစ်စဉ် စစ်မှု ထမ်းများကို  ဆင့်ခေါ် သွားမည် ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment