Latest News

Friday, March 3, 2017

ပထမတစ်ဦး မွေးပြီး နောက်၆ ရက်အကြာမှာ နောက်ထပ် ကလေးနှစ်ဦးထပ်မွေးသူ


တရုတ်နိုင်ငံ အမျိုးသမီး ကလေးမွေးတာဟာအခြားသူတွေနဲ့မတူ ထူခြားမှုတွေရှိနေတယ်လို့ သိရပါတယ်။ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံ သူ ဟာ သုံးမြွာပူးကို တစ်ခါတည်း ဆက်တိုက်မွေးတာမဟုတ်ဘဲ ပထမတစ်ဦးမွေးပြီးနောက် ၆ ရက်အကြာမှာ ပဲနောက်ထပ် နှစ်ဦးကိုမွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Chen ဆိုတဲ့ အဲ့ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့သြဂုတ်လနှောင်းပိုင်းက ကိုယ်ဝန်ရခဲ့ပြီး (၃)မြွှာပူးေ လးကို
 မျှော်လင့်နေသူဖြစ်ပေမယ်လည်း သားလေးတစ်ယောက် မွေးပြီးနောက် မှာတော့ ဆက်မမွေးတော့ပဲ
ထပ်မမွေးဘဲရပ်နေခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်(၆)ရက်ေ လာက်ကြာမှ နောက်နှစ်ယောက်ကို
ထပ်မွေးခဲ့တာပါ။
Chen ဟာအသက်(၃၀)ဖြစ်ပြီး သူမရဲ့ပထမဆုံးမွေးတဲ့သားလေးရဲ့ ကိုယ်အေ လးချိန်ကတော့
 (၃)ပေါင်(၂)အောင်စပါ။သူမရဲ့ဖြစ်ရပ်အပေါ် ဆရာဝန်အားလုံး ကလည်း အံ့အားသင့်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ ကလေးတွေကိုရောမိခင်ကို Yichang မှာရှိတဲ့ First Hospital ဆေးရုံမှာစောင့်ရှောက်ထားပါတယ်။
ဆရာဝန်တွေကတော့ သူမရဲ့နှစ်(၂၀)ကြာသက်တမ်းတစ်လျှောက်မှာ ကလေး အမြွှာကို တစ်ပတ်
နီးပါးလောက် ခွဲပြီးမှ မွေးတာ ဒါပထမဆုံး လို့ပြောခဲ့ပါတယ်။
ref Xinhua
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment