Latest News

Thursday, March 9, 2017

သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ တပေါင်း လပြည့်နေ့တွင် စတင်ဖွင့်လှစ်မည်

သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ

တပေါင်း လပြည့်နေ့တွင် စတင်ဖွင့်လှစ်မည်

စစ်ကိုင်း မတ် ၉

ပြည်တွင်းပြည်ပမှ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်ဗုဒ္ဓသာသနာ၏ အနှစ်သာရ တစ်ခုဖြစ်သော ဝိပဿနာပွားများ အားထုတ်နိုင်ရေးအတွက် ရည်ရွယ် တည်ထောင်ထားသည့် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီအား သီတဂူဆရာတော်၏ သက်တော် ၈ဝ ပြည့်မွေးနေ့ (တပေါင်းလပြည့်နေ့) တွင် စစ်ကိုင်းတောင်ရိုး၌ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။

သီတဂူဆရာတော် တည်ထောင်သော ဝိပဿနာအကယ်ဒမီသည် စစ်ကိုင်းတောင် ရိုး အနောက်ဘက် တွင် တည်ရှိပြီး ဧက ၇ဝ ကျယ်ဝန်းကာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သီတဂူဆရာတော်၏ သက်တော် ၈ဝ ပြည့် မွေးနေ့အလှူတော်ကို မတ် ၁၁ ရက်မှ ၂ဝ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မတ် ၁၁ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းမြို့မှ သံဃာတော်အရှင်သူမြတ် တစ်ထောင်တို့အား
စစ်ကိုင်းမြို့ ထူ ပါရုံစေတီတော်ရင်ပြင်တွင် ဆွမ်းဆန်စိမ်း လောင်း လှူမည်ဖြစ်သည်။ မတ် ၁၂ ရက်(တပေါင်းလပြည့်နေ့) သီတဂူဆရာတော် ၏ မွေးနေ့ နံနက် ၅ နာရီတွင် စစ်ကိုင်း တောင်ရိုး၌ သီတင်းသုံးတော် မူကြသော သံဃာတော် အပါး တစ်ထောင်တို့အား သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွင် ဆွမ်းတော် ကြီး လောင်းလှူမည်ဖြစ်သည်။ ထိုနေ့ လပြည့်ညဥ့်ဦးယံတွင် သီတဂူဆရာတော်မှ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီရှိ သီတဂူသံဝေဇနိယဓမ္မဗိမ္ဗာန်တော်အား စက်ခလုတ်နှိပ်ဖွင့် လှစ်မည်ဖြစ်ပြီး အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီး ၁၁ ပါးနှင့် သီတဂူ ဗုဒ္ဓတက္ကသိုလ်လေးခုမှ သံဃာတော်အပါးတစ်ထောင်တို့က ဓမ္မဗိမာန်အတွင်း ပူဇော် ထားသော ရုပ်ပွားဆင်းတုတော်များကို ဗုဒ္ဓါဘိသေကအနေကဇာ တင်ကြမည်ဖြစ်ကြောင်း သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြု အဖွဲ့ အတွင်းရေးမှူး ဦးကျော်မိုးနိုင်ထံမှ သိရသည်။

မတ် ၁၃ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတောင်ရိုး တစ်လျှောက် မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်ကြသည့် သာသနာနွယ်ဝင် သီလရှင် အပါး ၁ဝဝဝ တို့အား ဆွမ်းဆန်စိမ်းလောင်း လှူကြမည်ဖြစ်သည်။
ထိုနေ့ နံနက် ၉ နာရီတွင် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော် လက်ခံရရှိတော်မူထားသည့် သာသနာ့အာဇာနည် သက်တော် ရှည်ဆရာတော်ကြီး များဖြစ်သော စစ်ကိုင်းတောင်ရိုး ဇမ္ဗူ့ မင်္ဂလာ ဆရာတော်၊ ညောင်တုန်းမြို့ ပ္ဏုာရာမဈေးကျောင်း ညောင်တုန်းဆရာတော်၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်၊ မင်းလှမြို့ ဝေဠုဝန်စာသင် တိုက် ဆရာတော်၊ မ္တလေးမြို့ မဟာဝိဇိတာရုံတိုက် ဆရာတော်၊ နိုင်ငံတော် သံဃမဟာ နာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်၊ ခရမ်းမြို့ ကိုင်းကုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်၊ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်၊ လယ်ဝေးမြို့ ပေါက်မြိုင် စာသင်တိုက် ဆရာတော်၊ ချောက်မြို့ မဟာဝိဇိတာရာမ ဆင်ဖြူ ကျွန်းကျောင်းဆရာတော်၊ ထန်းတပင်မြို့နယ် လှည်းဆိပ် ကျောင်းဆရာတော်၊ မ္တလေးမြို့ ဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်းဆရာတော်တို့ကို သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီသို့ ပင့်ဆောင်ကာ အဘိဓဇပူဇာသဘင် ကျင်းပ မည် ဖြစ်သည်။ မတ် ၁၄ ရက် နံနက် ၅ နာရီတွင် သီတဂူ က္ဘာ့ဗုဒ္ဓတက္ကသိုလ်လေး ခုရှိ သံဃာအပါး တစ်ထောင်အား သီတဂူအပြည်ပြည် ဆိုင်ရာ ဝိပဿနာအကယ်ဒမီတွင် ဆွမ်းဆန် စိမ်းလောင်းလှူမည်ဖြစ်ပြီး ထိုနေ့တွင် သီတဂူဆရာတော်ကြီး အား တပည့်သံဃာတော်များနှင့် အလှူရှင်များက ပူဇော် ကန်တော့ကြမည်ဖြစ်သည်။

မတ် ၁၅ ရက်တွင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်အသီးသီးမှ BA ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိကြသူများအား ဘွဲ့လက်မှတ် များ ချီးမြှင့်ပေးပြီး မတ် ၁၆ ရက်မှ ၁၉ရက်အထိ နေ့စဉ်သံဃာ တော်များ၊ သာသနာနွယ်ဝင် သီလရှင်များအား ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

မတ် ၂ဝ ရက်တွင် သီတဂူအဓိပတိ တွဲဖက်ရွှေကျင် သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု သီတဂူဆရာတော်က သံဝေ ဇနိယဓမ္မဗိ မာန်တော်ကြီး ရေစက်ချ ကျောင်းလွှတ်ပူဇာ အထိမ်းအမှတ်အဖြစ် တရားတော်များ ဟောကြားချီးမြှင့် မည်ဖြစ်သည်။ မတ် ၁၃ ရက်မှ ၂ဝ ရက် အထိ ညစဉ် ၇ နာရီတွင် မင်းကွန်းတိပိဋက မြင်းခြံဆရာတော် ဘဒ္ဒန္တဂန္ဓမာလာ လင်္ကာရ၊ အင်းစိန်တပ်ဦးကျောင်း ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ၊ ဖားအောက်ဆရာတော်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ၊ အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိနှင့် သီတဂူဆရာတော်တို့က တရားတော်များ ဟောကြားချီးမြှင့်မည်ဖြစ်သည်။

သီတဂူဆရာတော်သည် မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ် တပေါင်းလပြည့်နေ့ တွင် ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့ တွင် ဖွားမြင်ခဲ့ပြီး ၁၃၁၈ ခုနှစ်တွင် မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်ရှိသည်။ ၁၃၂၆ ခုနှစ်တွင် သံဃတက္ကသိုလ်မှ ဗုဒ္ဓဒေသနာ ဒီပလိုမာဘွဲ့ကိုရရှိခဲ့ပြီး ၁၃၃၄ ခုနှစ်တွင် မွန်ပြည်နယ် သပိတ် အိုင်တောရ၌ ဧကစာရီသီတင်းသုံး၍ ဓုရနှစ်ပါး အားထုတ် ခဲ့သည်။ ၁၃၃၈ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး၌ သဒ္ဓမ္မသီတဂူ ချောင်ကို တည်ထောင်ခဲ့ပြီး ၁၃၄၂ ခုနှစ်တွင် သီတဂူသာသနာပြု အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။ သီတဂူဆရာတော်အား မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂ္ထဝါစက ပဏ္ဍိတ၊ ရွှေကျင် နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက၊ ပရိယတ္တိ သာသနာဟိတ ဓရ ဂုဏဝိသိဋ္ဌ၊ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင်စာပေပါရဂူ၊ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်တက္ကသိုလ် ဂုဏ်ထူးဆောင် ဒေါက်တာ၊ အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ် ဂုဏ်ထူးဆောင် ဒေါက်တာ၊ ထိုင်းနိုင်ငံ မဟာမကုဋ် ဗုဒ္ဓတက္ကသိုလ် ဂုဏ်ထူးဆောင် ဒေါက်တာ၊ ရွှေကျင်သာသနာပိုင် ဝိသိဋ္ဌပုဂ္ဂလ သကလရဋ္ဌ သာသနော ပကာရ၊ က္ဘောဒီးယားနိုင်ငံ ပန်နာစမ် စတာ တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တံဆိပ်များ ရရှိခဲ့ပြီး ယခုအခါ နိုင်ငံတော်မှ သီတဂူဆရာတော်အား အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်မိုးနိုင်ထံမှ သိရသည်။

သီတဂူဆရာတော်သည် ဗုဒ္ဓတက္ကသိုလ်လေးခုကို စစ်ကိုင်း၊ ရန်ကုန်၊ မ္တလေးနှင့် တောင်ငူမြို့တို့တွင် ဖွင့်လှစ်ကာ သာသနာ တော် ပြန့်ပွားခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ပရိယတ္တိလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းတောင်ရိုးတွင် တရားအားထုတ်ကြကုန်သော ရဟန်းရှင်လူ သီလရှင်အပေါင်း တို့အတွက် ရေအလှူကို လည်းကောင်း၊ မြန်မာတစ်နိုင်ငံ လုံးတွင် စက္ခုဒါနဆေးရုံပေါင်း ၃၅ ရုံကို ဖွင့်လှစ်ကာ မျက်စိဝေဒနာ ရှင် လေးသိန်းကျော်အား ခွဲစိတ်ကုသပေးနိုင်ခဲ့ခြင်းကိုလည်း ကောင်း၊ ရှမ်းပြည်နယ် ခိုလန်၊ ချင်းပြည်နယ် နာဂဒေသနှင့် ဖားကန့်မြို့၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လည်း အခြေခံပညာကျောင်းပေါင်း ၅ဝ ကျော် တည်ဆောက်ခြင်း ဖြင့် လည်းကောင်း၊ နိုင်ငံတစ်ဝန်း ပျက်စီး ယိုယွင်းနေသည့် စေတီပုထိုးပေါင်း ၂၅ဝ ခန့်ကိုလည်းကောင်း၊ စစ်ကိုင်းတောင် ရိုး တွင် သီတဂူအထွေထွေနှင့် မျက်စိဆေးရုံတည်ဆောက်ကာ ကျန်းမာရေး ဝန်ဆောင်မှုများ အလုံးစုံအခမဲ့ကုသပေးခြင်းကို လည်းကောင်း ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ အရပ်ရပ်တွင် အရေးပေါ်ကြုံတွေ့ခဲ့ရသည် ရေဘေး၊ မီးဘေး၊ ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအ္တရာယ်အမျိုးမျိုး ကျရောက် ရာ ဒေသများတွင်လည်း အရေးပေါ် ကယ်ဆယ်ရေး နှင့် ပြန် လည်နေရာချ ထားရေးလုပ်ငန်းများကို သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အင်အားဖြင့် ပါဝင် လှူဒါန်းခဲ့သည်။

ပြည်ပသို့ သာသနာပြန့်ပွားစေရေးအတွက် အမေရိကန် နိုင်ငံ အော်စတင်မြို့၊ ဖလော်ရီဒါမြို့နှင့် မီနီဆိုတားမြို့တို့တွင် ဝိပဿနာစင်တာများနှင့် ဗုဒ္ဓစင်တာများ ဖွင့်လှစ်ခြင်း၊ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဗုဒ္ဓဝိပဿနာစင်တာ ဖွင့်လှစ်ခြင်း၊ တောင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဗုဒ္ဓစင်တာ ဖွင့်လှစ်ခြင်းများ ကိုလည်း ဆောင်ရွက် ခဲ့ပြီး ပြည်တွင်း ပြည်ပ တရားပွဲပေါင်း ၅ဝဝဝ ကျော်ဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်များကို ဟောကြားပေး ခဲ့သည်။

ဖွင့်လှစ်တော့မည်ဖြစ်သည့် ဗုဒ္ဓဘာသာအကယ်ဒမီတွင် ပြည်တွင်း ပြည်ပမှ ဝိပဿနာတရားအားထုတ်လိုသူများ အတွက် အမျိုးသားယောဂီများအတွက် အခန်းပေါင်း ၁ဝဝ နှင့် အမျိုးသမီးယောဂီများအတွက် အခန်းပေါင်း ၁ဝဝ ကို စီစဉ်ထားရှိပြီး သီတဂူဆရာတော် သက်တော် ၈ဝ ပြည့် အထိမ်းအမှတ်အဖြစ် မ္တလေးမြို့ ပုသိမ်ကြီးမြို့နယ် တမ္ပဝတီ အရပ်ရှိ တံတိုင်းရှည်ရွာ မှ ကြေးသွန်း ပညာရှင် ၂ဝဝ က တစ်ည တည်းဖြင့် အပြီးသတ်သွန်းလောင်း ထားသော ကြေး ပိဿာချိန် ၈ဝဝဝ ရှိ ခေါင်းလောင်းကြီးအား အဆိုပါ အကယ်ဒမီ တွင် ချိတ်ဆွဲထားရှိသည့်အပြင် ဆရာတော်ပုံတူ ရုပ်တုကိုလည်း ပူဇော်ထားကြောင်း သိရသည်။

သီတဂူဆရာတော်၏ သက်တော် ၈ဝ ပြည့် မွေးနေ့ပူဇာနှင့် သီတဂူ အပြည်ပြည် ဆိုင်ရာ ဝိပဿနာအကယ်ဒမီ ဖွင့်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ အားလုံးလာရောက် ပူဇော်လေ့လာနိုင်ပြီး တရားဒေသ နာတော်များကိုလည်း လာရောက်နာယူနိုင်ကြောင်း သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ အတွင်းရေးမှူးက ပြောကြားသည်။


သတင်း-ခင်ရတနာ၊ ဓာတ်ပုံ-သီတဂူ မျိုးမြင့်အောင်
ပြန်/ဆက်

No comments:

Post a Comment