Latest News

Thursday, March 9, 2017

ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ကွယ်လွန်

ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ကွယ်လွန်

ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ လှမြင့်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မတ်လ ၉ ရက်နေ့ မနက် ဒေသ စံတော်ချိန် ၄ နာရီက ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ၉၆ နှစ် ရှိပြီ ဖြစ်တဲ့ ဒေါက်တာ လှမြင့်ဟာ ဖွံ့ဖြိုးမှု ဘောဂဗေဒ ပညာရပ်ကို တိုးတက်အောင် ရှေ့ဆောင်သူတွေထဲမှာ  ကမ္ဘာသိ ပညာရှင် တယောက် အဖြစ် ထင်ရှားခဲ့ပြီး သူ့ရဲ့ ပို့ကုန် ဦးစားပေးတဲ့ သဘောတရားက ဖွံ့ဖြိုးမှုကို မြှင့်တင်စေတယ် ဆိုပြီး လူသိများခဲ့ပါတယ်။

သူဟာ လန်ဒန်တက္ကသိုလ် စီးပွားရေးနဲ့ နိုင်ငံရေး သိပ္ပံကျောင်း၊ အောက်စဖို့ဒ် တက္ကသိုလ် တို့မှာ ပါမောက္ခ အဖြစ်လည်း ထမ်းဆောင်ခဲ့သလို လွတ်လပ်ရေး ရခါစ မြန်မာ နိုင်ငံရဲ့ အမျိုးသား စီမံကိန်း ဌာနနဲ့ စိုက်ပျိုးရေး ဘဏ်တွေမှာ အကြံပေး ပညာရှင် အဖြစ် တာဝန်ယူခဲ့ပါတယ်။

BBC

No comments:

Post a Comment