လိပ်သို၌ ခေါင်းတွင် အလုံးတစ်လုံးအပိုပါသည့် ကလေးမွေးဖွား
လိပ်သို မတ် ၉
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ ထားဘိုချီးကျေးရွာ ၌ ဦးခေါင်းဘေး တွင် ခေါင်းအပိုကဲ့သို့ အသားလုံးတစ်လုံး အပိုပါသည့် ထူးဆန်းသော ကလေး တစ်ဦးကို မတ် ၇ ရက် က မွေးဖွားခဲ့ကြောင်း သိရသည်။
ကလေးသည်ကိုယ်အလေးချိန်ပေါင် ပုံမှန်ရှိသော် လည်း ကလေး၏ လက်ဝဲ ဘက်ဦးခေါင်းဘေးတွင် မျက်နှာ တစ်ဖက်ပေါ်မှစပြီး ခေါင်းအပိုကဲ့သို့ အလုံး တစ်လုံး အပိုရှိနေ ကြောင်း သိရသည်။ မျက်လုံးပေါက်ပါသော်လည်း အထဲ တွင် မျက်ဆန်မရှိဘဲ ၊ နှာခေါင်းနေရာတွင် အသားပို ထွက် နေပြီး ဘေး တွင် နှာခေါင်းပေါက် ကဲ့သို့ အပေါက်နှစ်ပေါက် သာပါရှိနေခြင်း၊ နှုတ်ခမ်းမပါ သည့်အတွက် နို့စို့၍ မရခြင်း၊ ပခုံးနှင့် ခေါင်းပိုင်းဆက်လျက်ဖြစ်နေပြီး မိခင် က နို့ရည် ညှစ်ထည့်ပေးသော်လည်း လည်ပင်းမပါသည့် အတွက် နို့ရည်များ သည် ဗိုက်တွင်းသို့ဝင်မသွားဘဲ အပေါ်ကို သာ ပြန်ထွက်လာနေကြောင်း သိရသည်။
ကလေးမှာ အသက်ရှင်လျက်ရှိနေကာ မိဘများ အနေဖြင့် ရင်သွေးငယ်၏ အဖြစ်အား စိတ်မကောင်းဖြစ်နေကြပြီး မြို့ဆေးရုံသို့ တက်ရောက်ချင်သော် လည်း ခရီးလမ်းတွင် ကလေး တစ်စုံတစ်ခု ဖြစ်သွားမည်ကို စိုးရိမ်ခြင်း၊ သွား လာရန် အဆင် မပြေသည့်အတွက် အဆိုပါကျေးရွာနေအိမ်၌ပင် ဆက်လက် ရှိနေ ကြောင်း သိရသည်။
(မြို့နယ် ပြန်/ ဆက်)
Thursday, March 9, 2017
လိပ်သို၌ ခေါင်းတွင် အလုံးတစ်လုံးအပိုပါသည့် ကလေးမွေးဖွား
လိပ်သို၌ ခေါင်းတွင် အလုံးတစ်လုံးအပိုပါသည့် ကလေးမွေးဖွား
Reviewed by Ar Ti
on
7:16 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment