Latest News

Sunday, March 26, 2017

တောက်ကိုရီးယား သမ္မတဟောင်း ဖမ်းဝရမ်းထုတ်ခံရတော့မယ်

တောက်ကိုရီးယား သမ္မတဟောင်း ဖမ်းဝရမ်းထုတ်ခံရတော့မယ်

တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွမ်ဟေးကို အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံမှာ ပါဝင်ခဲ့မှုနဲ့ ဖမ်းဝရမ်းထုတ်နိုင်ဖို့ နည်းလမ်းရှာဖွေနေကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

အာဏာအလွဲသုံးစား လုပ်မှု စွပ်စွဲချက်နဲ့ မစ္စပတ်အပေါ် လွှတ်တော်က အရေးယူမှုကို နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက ဒီလ အစောပိုင်းတုန်းက အတည်ပြု ပေးပြီးနောက်ပိုင်းမှာ မစ္စပတ်ဟာ သမ္မတ ရာထူးကနေ ဖယ်ရှားခံရသလို သမ္မတ အခွင့်အာဏာ ကို အသုံးချပြီး တရားစွဲဆိုခံမှုကနေ ကင်းလွတ်ခွင့် ရနေခြင်းဟာလည်း ပျက်ပြယ်ခဲ့ပါတယ်။

မစ္စပတ် ဟာ ၁၉၇၀ ခုနှစ်များကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ သူမရဲ့ လူယုံမိတ်ဆွေ ချွိုင်ဆွန်ဆီ တယောက် ကုမ္ပဏီကြီးတွေကဆီကနေ အတင်းအကျပ် ငွေယူခဲ့တာတွေကို ခွင့်ပြုခဲ့တယ် ဆိုပြီး စွပ်ဆွဲခံနေရတာပါ။

မစ္စပတ်ကတော့ တရားမဝင်တာတွေ ဘာတခုမှ မလုပ်ခဲ့ဘူး ဆိုပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အစိုးရရှေ့နေတွေဘက်က ဒီ ကိစ္စနဲ့ စပ်လျဉ်းပြီး ၁၄ နာရီ ကြာအောင် မစ္စပတ်ကို အရင်အပတ်တုန်းက စစ်ဆေးမေးမြန်းခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ အစိုးရရှေ့နေတွေဘက်က မစ္စပတ် အပေါ် ဖမ်းဝရမ့်ထုတ် ဖမ်းဆီးနိုင်ဖို့ အတွက် တရားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ကျိုးကြောင်းလျော်ညီကြောင်း ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

မစ္စချွိုင်ကတော့ လာဘ်ပေးလာဘ်ယူ လုပ်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ တရားစွဲဆိုခံနေရပြီ ဖြစ်ပါတယ်။

BBC

No comments:

Post a Comment