Latest News

Thursday, March 9, 2017

ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်နည်းပြများ တပ်မတော်နှင့် ရဲအရာရှိများအား လာရောက်သင်တန်းပေး

ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်နည်းပြများ တပ်မတော်နှင့် ရဲအရာရှိများအား လာရောက်သင်တန်းပေး



 တပ်မတော်၊ ရဲနှင့်နိုင်ငံ့ ၀န်ထမ်းအရာရှိများအား ဗြိတိန် ကာကွယ်ရေးတက္ကသိုလ် နည်းပြ များက လာရောက်၍ ကာကွယ် ရေးကို ပိုမိုကျယ်ပြန့်သည့် လုံခြုံရေးအနေအထားအရ စီမံခန့်ခွဲခြင်း သင်တန်းပို့ချလျက်ရှိ ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

တပ်မတော်အရာရှိ ၂၂ ဦး၊ရဲအရာရှိ နှစ်ဦးနှင့် ၀န်ထမ်း အရာရှိ ခြောက်ဦးစုစုပေါင်း ၃၀ ဦး တက်ရောက်လျက်ရှိသော အ ဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁၀ ရက်အထိ နေပြည်တော်၌ ပြုလုပ်နေသည်။

မတ်လ ၉ ရက်က ကျင်းပခဲ့ သော အဆိုပါသင်တန်းနည်းပြ များနှင့် သင်တန်းသားများ၏ ည စာစားပွဲ အခမ်းအနားသို့ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

 အဆိုပါ သင်တန်းသို့ တပ်မ တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးဘက်မှ သင်တန်း သားများ တက်ရောက်လျက် ရှိရာ သင်တန်းဆရာများသင်ပြ သော သင်ခန်းစာများအပြင် တစ် ဦးနှင့်တစ်ဦး ဆက်ဆံရေးမတူညီ သည့် စနစ်များအကြားတွင် မည် သို့ ပြေပြစ်အောင် ဆက်ဆံရမည် ဆိုသည့် အကျိုးများကိုလည်း ရရှိ မည်ဟု မျှော်လင့်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

နိုင်ငံတိုးတက်ရန် ယခု ကဲ့ သို့ ကဏ္ဍအသီးသီးက ပူးပေါင်း ဆောင်ရွက်ပြီး တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိအောင် ဆောင်ရွက် ခြင်းသည် အရေးကြီးသည်ဟု လည်း ၎င်းကဆိုသည်။



7Day News Journal

No comments:

Post a Comment