Latest News

Wednesday, March 22, 2017

သံလွင်မြစ်ကမ်းထိန်းလုပ်ငန်း မြေကမ်းပါးပြိုကျရာမှ ကျား(၂)ဦး၊ မ(၂)ဦး သေဆုံးမှုဖြစ်ပွား

သံလွင်မြစ်ကမ်းထိန်းလုပ်ငန်း မြေကမ်းပါးပြိုကျရာမှ ကျား(၂)ဦး၊ မ(၂)ဦး သေဆုံးမှုဖြစ်ပွာ



ဘားအံ မတ် ၂၂

 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခဲတောက်ကျေးရွာအုပ်စု၊ ကျုံပိုက်ကျေးရွာ သံလွင်မြစ်ကမ်းဘေးတွင် မတ်လ ၂၂ ရက်နေ့ မွန်းလွှဲ ၂ နာရီ ၂၀ မိနစ်အချိန်ခန့်က သံလွင်မြစ်ကမ်းမြေထိန်းနံရံလုပ်ငန်း မြေတူးခြင်းလုပ်ငန်း ဆောင်ရွက်စဉ် မြေပြိုကျရာမှ ကျား(၂)ဦး၊ မ(၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 သံလွင်မြစ်ကမ်းထိန်းမြေထိန်းနံရံ မြေတူးခြင်းလုပ်ငန်းအား မစန်းစန်းမော်(၃၇)နှစ်၊ ကူးဆိပ်ရွာ၊ ကျော်စိုးမိုး(၁၅)  နှစ် ကူးဆိပ်ရွာ၊ မနွယ်နီ(၁၃)နှစ် ဖားပုရွာ၊ အောင်စိုးဦး(၄၀)နှစ် ကူးဆိပ်ရွာ၊ မစန်းစန်းအေး(၄၀)နှစ် ကူးဆိပ်ရွာ၊ ကိုကျော်ကျော်(၃၉)နှစ် ဗမ္မပါလရပ်တို့ ခြောက်ဦးသည် အတူတကွ မြေတူးခြင်းလုပ်ငန်းအား ဆောင်ရွက်စဉ် မြေကမ်းပါး ပြိုကျရာမှ ကျားတစ်ဦး၊ မတစ်ဦး ဒဏ်ရာရရှိပြီး ကျားနှစ်ဦး၊ မနှစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

 အခင်းဖြစ်လျှင်ဖြစ်ခြင်း ဘားအံမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိုင်ကလေးရဲစခန်းမှ ရဲတပ်ဖွဲ့  ၀င်များ၊ ကျုံပိုက်ကျေးရွာမှ ကျေးရွာသူ/သားများက ၀ိုင်းဝန်းကူညီတူးဖေါ်ခဲ့ကြသော်လည်း လေးဦးသေဆုံးပြီး ဒါဏ်ရာ  ရရှိသူနှစ်ဦးအား မာဃ လူမှုကူညီရေးအသင်းမှ ဘားအံပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးထားပြီး အတွင်းလူနာများအဖြစ် ကုသမှုခံယူနေကြောင်း  ကနဦး သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment