Latest News

Wednesday, March 22, 2017

မြန်မာကိုယ်စားလှယ်အဖွဲ့ ၀င်းဇော်ထွန်းနှင့် ဇော်လင်းကို သွားရောက်တွေ့ဆုံ

မြန်မာကိုယ်စားလှယ်အဖွဲ့ ၀င်းဇော်ထွန်းနှင့် ဇော်လင်းကို သွားရောက်တွေ့ဆုံ


လိပ်ကျွန်း လူသတ်မှု၌ သေဒဏ်စီရင်ချက် ကျခံနေသည့် ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ ၂ဦးထံသို့ မြန်မာအစိုးရ အလုပ်သမားနှင့်လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်နှင့် ဌာနဆိုင်ရာ အသီးသီးမှ အရာရှိများ၊ မြန်မာသံရုံးအဖွဲ့နှင့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ပုဂ္ဂိုလ်များက ယနေ့ ထောင်ဝင်စာ သွားရောက်တွေဆုံကာ အားပေးစကား သွားရောက်ပြောကြားခဲ့ပါတယ်။

ဝင်းဇော်ထွန်း နှင့်ဇော်လင်းတို့ကလည်း ဝိုင်းဝန်းကူညီပေးနေကြသော မြန်မာ အစိုးရ। မြန်မာသံရုံးမှ နှင့် FED အပါအဝင် အဖွဲ့အစည်းများ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ၎င်းတို့၏ မိခင်များနှင့် ဆွေမျိုးသားချင်း များကိုလည်း စိတ်မပူရန် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းရှေ့နေများ ကောင်စီ ဥက္ကဋ္ဌကြီးအပါအဝင် ရှေ့နေများနှင့် သွားရောက် တွေ့ဆုံကာ အမှုကို ဆက်လက်ကူညီပေးရန်  မြန်မာအစိုးရ၏ ဥပဒေဆိုင်ရာကျွမ်းကျင်သူများ လာရောက်ပြီး နောက်ထပ် တင်မည့် အယူခံအတွက် လိပ်ကျွန်းအမှုကူညီဆောင် ရွက်ပေးနေသော ထိုင်းရှေ့နေများနှင့် လာရောက်ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုခဲ့သလို၊ ထိုင်းရှေ့နေများကောင်စီမှလည်း မြန်မာဥပဒေ ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းက နောက်ထပ်တင်မည့်အယူခံကိုလည်း အကောင်းဆုံး ပြင်ဆင်သွား မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မင်းဦး - FED / ဧရာဝတီ

No comments:

Post a Comment