Latest News

Tuesday, March 21, 2017

ကားလက်မှတ်များ သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းပါက အရေးယူမည်

ကားလက်မှတ်များ သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းပါက အရေးယူမည်

မန္တလေး၊မတ် ၂၂ ။                 ။ သင်္ကြန်မတိုင်ခင်ကာလတွင် ယာဉ်စီးခနှုန်းထားများ သတ်မှတ်ထားသည်ထက် ပိုမိုရောင်းချပါက အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်းကြီးကြပ်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက မဇ္ဈိမကိုပြောသည်။

"သင်္ကြန်မတိုင်မီမှာ ကားလက်မှတ်တွေကို ဈေးပိုရောင်းတာ တွေ့ရှိလိုရှိရင် ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူသွားမယ်။"ဟု ဦးအောင်ကျော်လင်းကပြောသည်။

ထိုသို့ဈေးပိုမရောင်းချရန်အတွက် ကားဂိတ်များသို့ အကြောင်းကြားစာများ ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ဦီးအောင်ကျော်လင်းကဆိုသည်။

"ဈေးပိုမရောင်းဖို့လည်း ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ သင်္ကြန်ပြီးလည်း ကားလက်မှတ်ခဈေးပိုမရောင်းဖို့ပြောထားပါတယ်။"ဟု ၎င်းကဆက်လက်ပြောသည်။

ထိုသို့ စီစစ်လုပ်ဆောင်ခြင်းမှာ သင်္ကြန်ရုံးပိတ်ရက်တွင် သွားလာကြမည့် ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စေရန်အတွက်ဖြစ်သည်ဟု ဦးအောင်ကျော်လင်းကဆိုသည်။ မဇ္ဈိမ



No comments:

Post a Comment