Latest News

Tuesday, March 21, 2017

မောင်တောအကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေးကော်မတီ အစီရင်ခံစာ တင်သွင်း

မောင်တောအကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေးကော်မတီ အစီရင်ခံစာ တင်သွင်း

၉/၁၀ အကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေးကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို ရခိုင်ပြည်နယ်လွှတ်တော်သို့ ယမန်နေ့(မတ် ၂၁ ရက်)က တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

အစီရင်ခံစာတွင် အစိုးရနှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတို့၏ပြသနာဖြေရှင်းရေးတွင် ဒေသခံနိုင်ငံရေးပါတီ များ၊ ပြည်နယ်လွှတ်တော်နှင့်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များ အတွင်းကျကျ အနီးကပ်ပါဝင်ခွင့်ထည့်သွင်းစဉ်စားရန် လိုအပ်လျှက်ရှိကြောင်း အကြံပြုထားသည်။

၉/၁၀ မောင်တော၊ရသေ့တောင် အကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေးကော်မတီကိုရခိုင်ပြည်နယ်လွှတ်တော်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးဖြင့် ၂၀၁၆ခုနှစ် အောင်တိုဘာ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီသည်မောင်တောခရိုင်သို့ နှစ်ကြိမ်လာရောက်လေ့ လာခဲ့ကာဒေသခံတိုင်းရင်းသားများအပါအ၀င် ဘင်္ဂါလီများကိုလည်း တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - စံမြတ်ရွှေ ( 7Day News Journal )

No comments:

Post a Comment