Latest News

Tuesday, March 21, 2017

စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပွန်မြို့အနောက်တောင်ဘက်ရှိ ပွန်းချောင်းတံတားအနီး၌ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား ရှောင်တခင် စစ်ဆေးစဉ် မတ် ၂၀ ရက် ညနေ ၅ နာရီခန့်တွင် ဟိုပုံးမြို့ဘက်မှ အိုက်ကျော်(ဘ)ဦးလုံးဌေး မောင်းနှင်လာပြီး စိုင်းလီ(ဘ)ဦးလုံးနွံလိုက်ပါလာသည့် ဆပ်ဖ်အမျိုးအစားယာဉ်အမှတ် 2G/---- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တင်ဆောင်လာသည့်မော်တော် ဆိုင်ကယ်တူးဘောက်အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း၄၀၀ ခန့်)တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မိုင်းပွန်နယ်မြေရဲစခန်းမှ တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံုး မှသတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment