Latest News

Thursday, March 9, 2017

ကိုဆွေဝင်းကို အမှုဖွင့်ထားခြင်း ပြန်လည်ရုပ်သိမ်းရန် စဉ်းစားခဲ့သော်လည်း ဆက်ဖွင့်မည်ဟု တိုင်ကြားသူဆို

ကိုဆွေဝင်းကို အမှုဖွင့်ထားခြင်း ပြန်လည်ရုပ်သိမ်းရန် စဉ်းစားခဲ့သော်လည်း ဆက်ဖွင့်မည်ဟု တိုင်ကြားသူဆို


Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူပေးရန် အမှုဖွင့် တိုင်ကြားထားမှုအပေါ် မိခင်၏ဆန္ဒအရ ပြန်လည်ရုပ်သိမ်းရန် စဉ်းစားခဲ့သော်လည်း အမှုဆက်ဖွင့်မည်ဟု အထက်မြန်မာပြည် မဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေကပြောသည်။

ဦးကျော်မျိုးရွှေသည် မတ် လ ၉ ရက် နံနက်တွင် ကိုဆွေဝင်း အပေါ် အမှုဖွင့်ထားမှုကို ရုပ်သိမ်း ရန် စီစဉ်နေသည်ဟု 7Day Daily သတင်းဌာနအား ပြောကြားခဲ့ သော်လည်း ညနေ၌အမှုကို ဆက် ဖွင့်မည်ဟုပြောသည်။


‘‘ကျွန်တော်စောစောပိုင်းက တော့ အမှုကို ပြန်ရုပ်သိမ်းမယ်လို့ စဉ်းစားတယ်ဗျ။ စဉ်းစားတဲ့အ ကြောင်းရင်းက အသက်(၇၈)နှစ်ရှိတဲ့ မိခင်ကြီးက အမှုရုံးချိန်းတွေ သွားတဲ့လာတဲ့အပေါ်မှာ ကျွန် တော့်ကို မဖြစ်စေချင်ဘူးပေါ့ နော်။ အမေက ကျွန်တော့်ကို အမှုပိတ်ပေးဖို့၊ ဆရာတော်ကိုလည်း လျှောက်ပေးဖို့ တောင်းဆိုထားလို့ ကျွန်တော်က ကျွန်တော့်မိခင်ရဲ့ ဆန္ဒကို လိုက်လျောမယ်လို့ ကျွန် တော် စဉ်းစားတာပေါ့နော်။ အခု ကတော့ ကျွန်တော့်မိခင်ကြီးကို နားလည်အောင် ပြောမယ်ပေါ့။ စိတ်ပူသလို မဟုတ်ပါဘူးပေါ့။ အမျိုးဘာသာ သာသနာအတွက် လုပ်တာပါ။ ဒီအတွက် သာဓုခေါ် ပါလို့ပြောပြီးတော့ ဆက်လုပ် သွားမှာပါ။ နောက်ဆုံး ဆုံးဖြတ် ချက်ကတော့ လက်ရှိအမှုဖွင့်ထား တဲ့အတိုင်းပဲ ရှေ့ဆက်လျှောက် မှာပါ’’ဟု ဦးကျော်မျိုးရွှေက 7Day Daily သတင်းစာအားပြော ကြားသည်။

အမှုဖွင့်ထားမှုကို ပိတ်သိမ်း ထားခြင်းမရှိသေးဘဲ ပိတ်သိမ်း ၍ ရ၊ မရ မေးမြန်းခြင်းသာဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘Myanmar Now သတင်း ထောက် ကိုဆွေဝင်းကို အမှုဖွင့် တရားစွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အသက်(၈၀) ခန့်အရွယ် ကျွန် တော့် မေမေ စိတ်မချမ်းမြေ့ဖြစ် နေပါတယ်။ ဗုဒ္ဓဘာသာဝင် မိခင် ကြီးက ကျွန်တော့်ကြောင့် သူ တစ်ဖက်သား ဒုက္ခရောက်သွားမှာ ကို မလိုလားကြောင်းနဲ့ အမှုပြန် ပိတ်ဖို့ ကျွန်တော့်ကို တိုက်တွန်း နေပါတယ်။ ကျွန်တော့်မေမေကြီး ကို ကိုယ်စိတ်နှလုံး ကျန်းမာချမ်း သာ ပျော်ရွှင်စေချင်ပါတယ်။ မေမေကြီးဆန္ဒအတိုင်း လုပ်ပေး ပါ့မယ်။ ကြောက်လို့မဟုတ်ဘူး။ နောက်ဆုတ်တာမဟုတ်ဘူး’’ ဟု ဦးကျော်မျိုးရွှေက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် မတ်လ ၉ ရက် နံနက်က ရေးသားခဲ့ပြီး ညနေ၌ ပြန်လည်ဖြုတ်ချခဲ့သည်။

‘‘ရုပ်သိမ်းမယ်ဆိုရင် ဘာမှ လုပ်စရာမရှိဘူး။ အကယ်၍ မ ရုပ်သိမ်းဘူးဆိုလည်း ဆက်ရင် ဆိုင်စရာပဲရှိတယ်။ တခြားထွေ ထွေထူးထူး ပြောစရာမရှိဘူး။ ရုပ် သိမ်းမယ်ဆိုရင် ကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ ဒီအခြေအမြစ် မရှိတဲ့ စွပ်စွဲပြီးတော့မှ တိုင်တန်း ထားတယ်။ နောက်တစ်ခါကျ တော့ ဒီအမှုကို လက်ခံတဲ့အပေါ် မှာလည်း အခြေအမြစ်မရှိတဲ့  အ ကြောင်းအရာအပေါ်မှာ လက်ခံ တယ်။ မူလတိုင်တန်းသူကလည်း အမုန်းစကားတွေ လှုံ့ဆော်ပြော ဆိုနေတဲ့ပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်ကို တရားဥပဒေကြောင်းအရ အရေး မယူဘဲနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးပြန် လည်သတင်းရေးသားတဲ့ သတင်း ထောက်ကို အရေးယူမယ့် အခြေ အနေက တိုင်းပြည်အတွက်ရော အားလုံးအတွက် ကျော်မကောင်း ကြားမကောင်းပဲ’’ ဟု Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း က မတ်လ ၉ ရက် နေ့လယ်တွင် 7Day Daily သတင်းစာအားပြော ကြားသည်။

ကိုဆွေဝင်းကို ဆရာတော် ဦးဝီရသူ၏ စေခိုင်းမှုဖြင့် မန္တလေး မဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူပေးရန် မတ်လ ၇ ရက်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၇)နယ်မြေရဲ စခန်း၌ အမှုဖွင့်ထားသည်။

‘‘ဒီနေ့ညနေအထိတော့ အမှု လာပိတ်တာမရှိသေးဘူး’’ဟု မ ဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။

အမှန်တရား ဖော်ထုတ်နေ သူ ကိုဆွေဝင်းကို ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)ဖြင့် ခြိမ်းခြောက် အမှုဖွင့်ခြင်းကို ဆန့်ကျင်ကြောင်း မီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့ အစည်း ၁၀ ခုက မတ်လ ၈ ရက် တွင် ကြေညာချက်ထုတ်ပြန်ထား သည်။

 
7Day News Journal

No comments:

Post a Comment