Latest News

Thursday, March 9, 2017

ဦးနှောက်ရဲ့ ထူးဆန်းအံ့သြဖွယ်ရာ လုပ်ဆောင်ချက် (၈) ခု

ဦးနှောက်ရဲ့ ထူးဆန်းအံ့သြဖွယ်ရာ လုပ်ဆောင်ချက် (၈) ခု

ဦးနှောက်က ဘယ်တော့မှ အနားမယူပါဘူး။ အိပ်နေရင်တောင်မှ အလုပ်တွေလုပ်နေပါသေးတယ်။

လူတွေရဲ့ဦးနှောက်ဟာ အရေးပါတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေသလို အရမ်းလည်း အံ့သြဖို့ကောင်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေကို အရောက်ချီတက်နိုင်ဖို့ဆိုတာ ဦးနှောက်ကလည်း လှုံ့ဆော်စေခိုင်းမှုတွေ ရှိဦးမှပါ။ ဒါဆိုရင် ကိုယ့်ဦးနှောက်အကြောင်း ကိုယ်တိုင် သိထားတာ မကောင်းဘူးလား။

၁။ ဦးနှောက်ဟာ အတွေးတိုင်းကို တုံ့ပြန်မှုရှိတာမို့ တကယ့်အဖြစ်မှန်နဲ့ စိတ်ကူးယဉ်ပုံဖော်မှုတွေကို တုံ့ပြန်ရာမှာ ခြားနားမှုမရှိပါဘူး။ ဒါကြောင့်မို့လို့လည်း အာနိသင်မရှိတဲ့စမ်းသပ်ဆေးဝါးအတုကို ခန္ဓာကိုယ်က တကယ့်ဆေးအစစ်အမှတ်နဲ့ တုံ့ပြန်တာပါ။

၂။ ဦးနှောက်က ပင်ပန်းတယ်လို့ မရှိပါဘူး။ စိတ်ခံစားချက်တွေကြောင့်သာ ဦးနှောက်က ပင်ပန်းတယ်လို့ ထင်မြင်နေကြတာဖြစ်ပါတယ်။
သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> မှတ်ဉာဏ်ထက်သန်လာစေမည့် နည်း (၃) မျိုး

၃။ များသောအားဖြင့်တေ့ ဦးနှောက်ဟာ အလိုအလျောက် အလုပ်လုပ်ပါတယ်။ ဒီနေ့တွေးတဲ့ အတွေးတွေရဲ့တစ်ဝက်ကျော်ဟာ မနေ့က တွေးခဲ့တာတွေပါ။ ဒါကြောင့်မို့လို့လည်း အတွေးအမြင်တွေကို ပြောင်းလဲဖို့ခက်နေတာပေါ့။

၎။ တွေးတောသမျှတွေကို မြင်လာမိစေပါတယ်။ ကိုယ့်ရဲ့အတွေးတွေဟာ ကိုယ့်ဘဝရဲ့ အတွေ့အကြုံတွေပါပဲ။ ဥပမာပြောရရင် ပါရီသွားဖို့ စိတ်ကူးတယ်ဆိုပါတော့ အဲ့ဒီမြို့နဲ့ပတ်သက်သမျှကို နေရာတိုင်းမှာ တွေ့နေသလို ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပြောင်းချင်ရင် ကိုယ့်အတွေးတွေကို ပြောင်းလိုက်ပါ။

၅။ ဦးနှောက်ဟာ ကြွက်သားတွေလိုမျိုး လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ သင်ယူလေ့လာမှု၊ အသက်ရှုလေ့ကျင့်ခန်း၊ ကျန်းမာတဲ့စားသောက်မှုပုံစံ၊ နှစ်ခြိုက်စာအိပ်စက်မှု စသဖြင့် အရာရာတိုင်းကို အလေ့အကျင့်ဖြစ်အောင် ပြောင်းလဲလို့ရပါတယ်။

၆။ ဦးနှောက်က ဘယ်တော့မှ အနားမယူပါဘူး။ အိပ်နေရင်တောင်မှ အလုပ်တွေလုပ်နေပါသေးတယ်။ နေ့ဘက်မှာ လုပ်ဆောင်ရတာတွေထက် အိပ်စက်ချိန်မှာ လုပ်ဆောင်မှုတွေက ပိုတောင်များနေပါသေးတယ်။

၇။ တချို့အရာတွေကို မေ့လျော့သွားတာမျိုး လူတိုင်းဖြစ်ပါတယ်။ ကိစ္စမရှိပါဘူး။ ဦးနှောက်က အသစ်တွေကိုမှတ်ထားဖို့အတွက် အဟောင်းတွေကို ဖျက်လိုက်တာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အာရုံကြောအဖွဲ့အစည်းကို ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် ထိန်းသိမ်းထားပါတယ်။

၈။ နာကျင်မှုတစ်ခုခုကို ခံစားရတဲ့အခါ ဦးနှောက်က တုံ့ပြန်လို့သာ သိရှိခံစားရတာပါ။ ဒါပေမဲ့ ဦးနှောက်ကိုယ်တိုင်က နာကျင်မှုကို မခံစားနိုင်ပါဘူး။ မရှိမဖြစ်လိုအပ်တဲ့ လက်ခံပစ္စည်းတွေ နည်းပါးတာကြောင့် နာကျင်မှုကို ဦးနှောက်က မခံစားနိုင်တာ ဖြစ်ပါတယ်။

Source : Bright Side: Duwun

No comments:

Post a Comment